မြန်မာနိုင်ငံအတွက်သီး သန့်ထုတ်လုပ်ထားသည့် ASX 2018 ကားအမျိုးအစားကို Mitsubishi က မိတ်ဆက်

0

Full article

မြန်မာနိုင်ငံအတွက် သီးသန့်ရည်ရွယ်၍ ဂျပန်နိုင်ငံကနေ တိုက်ရိုက်တပ်ဆင်ထုတ်လုပ်ထားသော ASX 2018 ကားအမျိုးအစားကို Mitsubishi က ယနေ့ (နိုဝင်ဘာ ၉ ) တွင် စတင်မိတ်ဆက်ပေးခဲ့သည်။

ASX 2018 ကို ရန်ကုန်နှင့်မန္တလေးမြို့များရှိ Mitsubishi ၏ တစ်ဦးတည်းကိုယ်စားလှယ် ကားပြခန်း များတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း၊ မူလတန်ဖိုးမှာ ကန်ဒေါ်လာ ၄၆,၉ဝဝ ဖြစ်သော်လည်း အထူး အရောင်းမြင့်တင်သည့်အနေဖြင့် ယနေ့နှင့် မနက်ဖြန် (နိုဝင်ဘာ ၉ နှင့် ၁ဝ) တွင် ကန်ဒေါ်လာ ၄၅,၉ဝဝ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

"အခု ASX 2018 က အရင် ၂ဝ၁၆ မော်ဒယ် Mitsubishi ကားတွေနဲ့ ဘာမှ မဆိုင်ဘူး။ Dynamic Shield ပုံစံနဲ့ တပ်ဆင်တည်ဆောင်ထားတာဖြစ်တဲ့အတွက် လုံခြုံရေးအပိုင်း၊ စွမ်းဆောင်ရေအပိုင်းမှာ အရမ်းကောင်းတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လမ်းတွေနဲ့ ကိုက်ညီအောင် ဂျပနု်နိုင်ငံကနေ တိုက်ရိုက် သီးသန့်တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ sedan အမျိုးအစားကားများကို ဆက်လက် မိတ်ဆက် ဖြန့်ချီသွားဖို့လည်းရှိပါတယ်။" ဟု Mitsubishi ၏ တစ်ဦးတည်းကိုယ်စားလှယ် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းဖြစ်သော MM Cars Ltd ၏ Marketing Manager ဥိးစိုးထွဋ်အောင်က ပြောကြားသွားခဲ့သည်။

အဆိုပါ ASX 2018 ကားကို ဝယ်ယူသူများအတွက် သုံးနှစ်အာမခံပေးထားပြီး YOMA, CB, AYA ဘဏ်များနှင့်လည်း ချိတ်ဆက်ဝယ်ယူနိုင်ကြောင်းသိရသည်။

အဆိုပါကားနှင့် အခြားသော Mitsubishi ၏ နောက်ဆုံး မော်ဒယ်ကားများကို CarsDB ကဦးစီးကျင်းပ သော Autoshow 2017 တွင်လည်း ပြသသွားမည်ဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့် (Test Drive) လည်း ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Author