Suzuki Motor Corporation မှ ကူညီပံ့ပိုးထားသည့် Mission Oishi (ဒုတိယအကြိမ်) ရုပ်သံအစီအစဉ်မိတ်ဆက်ပွဲအခမ်းအနားကိုကျင်းပခဲ့

0

Full article

Suzuki Motor Corporation မှ ကူညီပံ့ပိုးထားသည့် Mission Oishi (ဒုတိယအကြိမ်) ရုပ်သံအစီအစဉ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် Channel 7 မှ အစီအစဉ်တင်ဆက်သူ နှစ်ဦးဖြစ်သော ဇော်ထက်နှင့် မှူးသက်ပိုင်တို့မှ ဂျပန်အစားအစာ တို့၏ ထူးခြားကောင်းမွန်မှုကို ရှာဖွေရန်အတွက် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး တိုကျိုမှ အိုကီနာဝါ မြို့အထိ ဂိမ်းများကစားကာ  အနိုင်ရရှိသူတစ်ဦးကသာ ထိုနေ့အတွက် သူတို့သွားရောက်လေ့လာထားသော အစားအသောက်များကို စားခွင့်ရခဲ့ပြီး ရှုံးနိမ့်သူသည်တစ်နေ့တာလုံး မည်သည့်အစားအစာမှ စားခွင့်မရရှိခဲ့သည့်အစီအစဉ်ဖြစ်သည်။ အစီအစဉ်တင်ဆက်သူနှစ်ဦးသည် Main Sponsor ဖြစ်သည့် Suzuki ၏ Suzuki Swift ကားကိုစီးနှင်းကာ Guide ဖြစ်သည့် Morisaki Win ၏ညွှန်ကြားချက်အတိုင်း တိုကျို၊ ရာမနရှိ၊ ရှီဇူအိုကာ၊ အိုကီနာဝါ မြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

Mission Oishi အစီအစဉ်သည် Suzuki Motor Corporation ၏ အဓိက ပံ့ပိုးကူညီမှုဖြင့် Broadcast Program Export Association of Japan ၏ အစီအစဉ်တစ်ခုအဖြစ် Ministry of Internal Affairs and Communication Japan မှ ပံ့ပိုးကူညီထောက်ပံ့ပြီး ထုတ်လွှင့်မည့်အစီအစဉ်ဖြစ်သည်။

Author