လျှပ်စစ်ကားများ ပြည်တွင်းတွင်ထုတ်လုပ်မည် ဟု စက်မှုဝန်ကြီးပြော

0

Full article

ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော လျှပ်စစ်ဘတ်စ်ကား (Electric Bus) များကို ဥရောပနည်းပညာနှင့် ထုတ်လုပ်နိုင်ရေးအတွက် အသေးစိပ်ညှိနှိုင်းမှုများပြုလုပ်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်ထောင်စု လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင်ပြောကြားသွားခဲ့ပါသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥ ပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ ၂ ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီ ရင်ခံ စာပါ မူသဘော၊ အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေး နွေးခြင်း များအပေါ် စက်မှုဝန်ကြီးဌာနက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"သာဂရနယ်မြေမှာရှိတဲ့ ဒီဇယ်အင်ဂျင်များထုတ်လုပ်တဲ့ အမှတ် (၁၄) အကြီးစားစက်ရုံမှာ Diesel Feel နဲ့ LNG ၂ မျိုးသုံး အင်ဂျင် (Dual Fuel Type Engine)များကို ဈေးကွက်ဝင်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ် လုပ်နိုင်ရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ လျှပ်စစ်ဘတ်စ်ကား (Electric Bus) များကို ဥရောပ နည်းပညာနဲ့ ထုတ်လုပ်နိုင်ရေးအတွက် Green Power Myanmar Co.,Ltd. နဲ့ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။လျှပ်စစ်ကားများတွင် တပ်ဆင် မည့် လျှပ်စစ်မော်တာများကို ထုတ်လုပ်နိုင်ရန် ပြည်ပပညာရှင်များနှင့်ပူးပေါင်းပြီး ဟန်ဂေရီနိုင်ငံမှ နည်းပညာဖြင့် ပတ်ဝန်းကျင်ထိခိုက်စေသော အခိုးငွေ့ထုတ်လုပ်မှုလုံးဝမရှိတဲ့ ဈေးကွက်ဝင် လျှပ်စစ်ဘတ်စ်ကားများကို ဥရောပနည်းပညာဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချသွားနိုင်တော့မှာဖြစ်ပါတယ်"ဟု စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကပြောကြားသွားခဲ့ပါသည်။

Policy

Author