မြန်မာနိုင်ငံတွင် ရှိသည့် ကြိုးတံတား ၂၉ စင်းအပေါ် ပြည်သူများစိုးရိမ်မှုမရှိကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်

0

Full article

_Photo credit ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ_

မြောင်းမြကြိုးတံတား ကျိူးကျမှုဖြစ်ပွားပြီးနောက် ပြည်သူများအနေဖြင့် လက်ရှိ အသုံးပြုလျက်ရှိသော တိုင်းဒေ သကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို စိုးရိမ်မှု မရှိကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မနေ့က သတင်း ထုတ်ပြန်ချက်အရ သိရသည် ။

ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ကာ ဖြတ်သန်းခြင်း မပြုကြပါရန်နှင့် သတ်မှတ်အရှိန်နှုန်းအတိုင်း မောင်းနှင်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ထိန်းသိမ်းပေးကြရန်လည်း ဝန်ကြီးဌာနက အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် ပန်ကြားထားသည်။

ယခုကျိူးကျခဲ့သောတံတားသည် ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင်ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက်စီးခဲ့ကြောင်း သိရသ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြ ကြိုးတံတားသည် (၁-၄-၂ဝ၁၈)ရက်၊ နံနက်(ဝ၁:၄၅)နာရီတွင် (၁၆)တန်၊ (၆)ဘီး ကုန်တင်ကားတစ်စီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ခဲ့ကြောင်း၊ အဆိုပါ တံတားသည် (၁၉၉၄)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၆)ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ ယခုအခါ တံတားသက်တမ်းမှာ (၂၂)နှစ်ခန့် ရှိပြီဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများအား နှစ်စဉ် (၁)နှစ်လျင် (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံတွင် မြောင်းမြ ကြိူးတံတား အပါအဝင် ကြိုးတံတား စုစုပေါင်း အစင်း(၃ဝ)ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ကြိုးတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာပ ညာရှင်များ နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအစီအစဉ်ဖြင့် တရုတ်အင်ဂျင်နီယာပညာရှင်များ နှင့်လည်းကောင်း အတူပူးပေါင်းပြီး တံတားများ၏ ကြံ့ခိုင်ရေး အခြေအနေများအား စစ်ဆေးသွားမည် ဖြစ်မည် ဖြစ်ကြောင်းသိရသည်။

Accident

Author