ပြည်ပမှဝယ်ယူတင်သွင်းသော ပစ္စည်းများအပေါ်တွင်ကောက်ခံနေသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများကို ပြောင်းလဲသတ်မှတ်

0

Full article

ပြည်ပမှဝယ်ယူတင်သွင်းသော ပစ္စည်းများအပေါ်တွင်ကောက်ခံနေသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် Coronavirus Disease (Covid -19) ကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုကို လျော့နည်းသက်သာစေရန်အတွက် ပြည်ပမှ မှာယူတင်သွင်းသော ပစ္စည်းများအပေါ်တွင်ကောက်ခံနေသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများကို လိုင်စင်လျှောက်ထားမှု ဆီလျော်စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်သတ်မှတ်လိုက်ကြောင်းသိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၀/၁၀/၂၀၁၉ ရက်စွဲပါအမိန့်ကြော်ညာစာအမှတ် ၅၈/၂၀၁၉ ဖြင့်ထုတ်ပြန်ကောက်ခံနေသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ်ငွေ ၃၀,၀၀၀ (ကျပ်သုံးသောင်း) နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။

အဆိုပါအမိန့်ကြေညာစာသည် စတင်ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။

Author