ကြီးကော်အစည်းအဝေး ဆုံးဖြတ်ချက်နောက်ပိုင်း ကားများကိုသာ အချက် သုံး ခုအနက်မှ နှစ်ချက်တူနေရင် မီနီဘတ်စ် အဖြစ်ထုတ်ယူခွင့်ပေးမည်

0

Full article


ပြည်ပက တင်သွင်းထားရှိပြီးဖြစ်တဲ့ အချက် ၃ ချက်နှင့်မကိုက်ညီသည့်မီနီဘတ်စ် ကားများကို Wagon အဖြစ်သတ်မှတ်၍ ကြီးကော်အစည်းအဝေး ဆုံးဖြတ်ချက်နောက်ပိုင်းကားများကိုသာ အချက် သုံး ခုအနက်မှ နှစ်ချက်တူနေရင်ထုတ်ယူခွင့်ပေးမည်ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနကသိရပါတယ်။ယခင်က မီနီဘတ်စ်ကားများ တင်သွင်းရာတွင် အချက်သံုးချက်ဖြစ်တဲ့ cancellation ကိုက်ညီခြင်း၊အင်တာနက်အထောက်အထား ကိုက်ညီခြင်း ၊ မျက်မြင်စစ်ဆေးမှူကိုက်ညီခြင်းစသည့် အချက်များတူညီမှ ခွင့်ပြုပေးခဲ့သည်။

သို့သော် ပြီးခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော အစည်းအဝေးတွင် အထက်ပါအချက်များထဲမှ နှစ်ချက်တူညီနေလျှင် ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်းဆုံးဖြတ်ထားရှိသည်။

အကောက်ခွန်ဦးစီးဌာနမှ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောအစည်းအဝေးဆုံးဖြတ်ချက် တရားဝင်စာမရောက်ရှိသေးခြင်း အစည်းအဝေးဆုံးဖြတ်ချက်ရောက်ရှိလာသော်လည်း ယခင်တင်သွင်းထားသောကားများကို Wagon အဖြစ်သတ်မှတ်၍ ကြီးကော်ဆုံးဖြတ်ချက်ရောက်ရှိပြီးနောက်ပိုင်းကားများကိုသာ ဖြေလျော့ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ကြီးကော်ရဲ့အစည်းအဝေးဆုံးမရောက်သေးလို့ဆိုပြီး ထုတ်ခွင့်မပေးဘူး။အစည်းအဝေးဆုံးဖြတ်ချက်စာရောက်လာတော့လည်း အရင်တင်သွင်းထားတဲ့ကားတွေမရဘူးလို့ဆိုတယ်။ ခွင့်ပြုတယ်ဆိုရင် အားလုံးခွင့်ပြုပေးရမှာ ကြံဖန်ပြီးရစ်နေတယ်။တစ်ချို့ကိစ္စတွေက ဝန်ကြီးဌာနချင်းချိတ်ဆက်မှူအားနည်းနေတာရယ် အမိန့်တစ်ခုခုထုတ်မယ်ဆိုရင် တိကျသေချာမှူမရှိတာတွေရှိနေသေးတယ်လို့ မီနီဘတ်စ် ကားများတင်သွင်းထားသူ တစ်ဦးကဆိုခဲ့သည်။

ခေတ်သစ်

Author