မီနီဘတ်စ်ကားများတင်သွင်းရာတွင် အချက်သုံးချက်ကိုက်ညီမှ ထုတ်ယူခွင့်ပေးခြင်းကို အချက်တစ်ချက်ဖြေလျော့၍ ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း ကြီးကော်အတည်ပြုဆုံးဖြတ်

0

Full article


ပြည်ပနိုင်ငံများမှ မီနီဘတ်စ်ကားများတင်သွင်းရာတွင် Cancellation ကိုက်ညီမှူ ၊ အင်တာနက်အထောက်အထား ကိုက်ညီမှူ ၊ မျက်မြင်စစ်ဆေးခြင်းကိုက်ညီမှူ အချက်သုံးချက်ကိုက်ညီမှသာထုတ်ယူခွင့်ပေးနေရာမှ ထိုအချက်များထဲမှ အချက် နှစ်ချက် တူညီပြီး တစ်ချက်ကွဲလွဲနေပါက ထုတ်ယူခွင့်ပေးတော့မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သည့်ကြီးကြပ်ရေးကော်မတီက အတည်ပြု ဆုံးဖြတ်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။


အရင်က အချက်သုံးချက်နဲ့ကိုက်ညီမှထုတ်ယူခွင့်ပြုပါတယ်။ အချက်သုံးချက်ထဲက နှစ်ချက်တူနေရင်ထုတ်ယူခွင့်ပေးမယ်လို့ အတည်ပြုပြီးပါပြီ။Cancellation ကိုညီရမယ် ၊ မျက်မြင်စစ်ဆေးတာနဲ့ အင်တာနက်အထောက်အထား စစ်ဆေးတာ တစ်ခုကိုက်ညီရင်ခွင့်ပြုပေးသွားမှာပါဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှူကော်မတီ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ခရီးသည်တင်မီနီဘတ်စ်ကားတင်သွင်းခြင်းကို ယခုနှစ်တွင် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဘယ်မောင်းတစ်မျိူ းထည်းသာ တင်သွင်းခွင့်ပေးသွားမည်ဖြစ်သည်။

ထိုသို့ မီနီဘတ်စ်ကားများ တင်သွင်းရာတွင် အင်တာနက်အထောက်အထားဖြင့်စစ်ဆေးမှူမှာ တင်သွင်းသည့်နိုင်ငံဖြင့် ကွဲလွဲနေမှူများရှိနေသည့်အတွက် ကားတင်သွင်းသူများအဆင်မပြေမှုများဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

ခေတ်သစ်

Author