စပါယ်ယာမှ ယာဉ်စီးခ ကောက်ခံနေသော မီးနီဘတ်စ်ကားများ ပပျောက်အောင်လုပ်မည်

0

Full article

စပါယ်ယာ ပါရှိပြီး ယာဉ်စီးခ ကောက်ခံနေသေးသော YBS ခရီးသည်တင် မီနီဘတ်စ်ကားများကို ပပျောက်သည့်အထိ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်အရ သိရသည်။

ခရီးသည်တင် YBS ကားများကို cash box စနစ် တပ်ဆင်ထားသော်လည်း စပါယ်ယာများက ယာဉ်စီးခ ကောက်ခံနေမှုများရှိနေပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုများပြားနေကြောင်း သိရပါသည်။

ဒီဇင်ဘာ ၈ ရက် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုက်ကြီး မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က " မီနီဘတ်စ်များတွင် စပယ်ယာများပါဝင်ပြီး ငွေကောက်ခံနေမှု အားအရေးယူပေးရန်အစီအစဉ်ရှိ/မရှိ " မေးမြန်းမှုအပေါ် ဝန်ကြီးမှပြန်လည်ဖြေကြားရာတွင် "မီနီ ဘတ်စ်တွင် အရှေ့အပေါက် အနောက်အပေါက်မရှိဘဲ အလယ်ပေါက်တစ်ခုထဲရှိ၍ စပယ်ယာပါဝင်ခြင်းဖြစ် ကြောင်း၊ မီနီဘတ်စ်များ လျော့ချပြီး ပပျောက်သွားသည့်အထိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း " ဖြေကြားသွား ခဲ့သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ကားများဖြစ်သည့် မီနီဘတ်စ် ကားအစီးရေ ၇ဝဝ နီးပါးအထိရှိရာ လက်ရှိတွင် ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်ကားများအပ်နှံနေရသည့် ကားများထဲတွင်ပါဝင်ပြီး မြို့အစွန်နေရာများတွင် ပြေးဆွဲနေလျှက်ရှိကြောင်းသိရသည်။

Author