Full article

မြန်မာမီနီဆလွန်းမော်တော်ယာဉ်ထုတ်လုပ်မှုကို ဈေးကွက်ယှဉ်ပြိုင်သည့်အနေဖြင့် နည်းပညာအဆင့်မြင့်တင်ပြီးမှသာ ထပ်မံထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မော်တော်ယာဉ်ထုတ်လုပ်ရေးမှ သတင်းရရှိသည်။

2003_dodge_caravan_olympia_fields_il_98809067585979347-500x375

စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာမီနီဆလွန်းများအား အစိုးရ အရာထမ်းများကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်မှစ၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာ စက်ရုံလက်ကျန် မြန်မာမီနီဆလွန်းကားအားလုံး ရောင်းကုန်သည်အထိ ဖြစ်ပေါ်ခဲ့ပြီးအသစ်ထပ်မံထုတ်လုပ်မှုကို ထုတ်လုပ်သည့်နည်းပညာနှင့် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်သည့် စက်ပစ္စည်းများ အဆင့်မြင့်တင်ပြီးမှသာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချနိုင်ရန် ထပ်မံထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာမီနီဆလွန်းများထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစိတ်အပိုင်းများကို မှာယူ၍ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ကာ ဈေးကွက်အတွင်း ရောင်းချခဲ့ပြီး လက်ရှိတွင် မြန်မာမီနီဆလွန်း အစီးရေ ၂၁၂၂ စီး ထုတ်လုပ်ပြီးဖြစ်ကြောင်း၊ အသစ်ထပ်မံထုတ်လုပ်မည့် မြန်မာမီနီဆလွန်းယာဉ်များကို ပြည်ပနည်းပညာအကူအညီများရယူကာ ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများတွင် စက်ပစ္စည်းသစ်များ၊ နည်းပညာသစ်များဖြင့် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကာ လာမည့် ၂ဝ၁၄ ခုနှစ်ဆန်းပိုင်းတွင် အဆင့်မြင့်တင်မှုလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by cars.mitula.us

Author