Full article

Air Bag ပြဿနာရှိနေတဲ့ Mini Cooper ကားအစီးရေ 91,800 ကို ပြန်လည်သိမ်းဆည်းပြီး ပြင်ဆင်ပေးသွားမှာဖြစ်ကြောင်း Mini Cooper ရဲ့ မိခင်ကုမ္ပဏီဖြစ်သူ BMW မှ သိရပါတယ်.။ ကားမောင်းသူရဲ့ နံဘေးမှာလိုက်ပါရတဲ့ Passenger ခုံရဲ့အရှေ့ဘက်က Air Bag ဟာ တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ အချိန်မှီမပွင့်ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်.။

ပြန်လည်သိမ်းဆည်းမယ့်ကားတွေမှာ 2005 မှ 2008 မော်ဒယ်အတွင်း Mini Cooper နဲ့ Cooper S မော်ဒယ်တွေပါဝင်မှာဖြစ်ကြောင်း သိရပါတယ်.။ Air Bag ရဲ့ အာရုံခံစနစ်အတွင်း ပြဿနာဖြစ်ပွားတာဖြစ်ပြီး Passenger ထိုင်နေခြင်း ရှိမရှိကို sensor တွေက အာရုံမခံနိုင်တဲ့အတွက် ဒီပြဿနာဖြစ်ရတာလို့ ဆိုပါတယ်.။

MyanmarCarsDB မှ Hatchback ကားများကို ကြည့်ရန်

လောလောဆယ်မှာ ဒီပြဿနာကြောင့် အသေးစားထိခိုက်မှုတစ်ခုသာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုမိုကြီးထွားမလာစေဖို့ ပြင်ဆင်ရတာဖြစ်ကြောင်း သိရပါတယ်.။ Air Bag ရဲ့ အာရုံခံစနစ်ကို လဲလှယ်တပ်ဆင်ပေးပြီး ကားပိုင်ရှင်များကို ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်း BMW က သတင်းထုတ်ပြန်သွားပါတယ်.။

Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author