Full article

ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ၊ ရန်ကုန်-တိုက်ကြီး ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုး ပြေးဆွဲရန် မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ တင်ပြထားရှိကြောင်း ဟိုင်းလပ် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ Mini-bus

ယခု ဖေဖော်ဝါရီလကုန်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဟိုင်းလပ်ယာဉ် ဝင်ရောက်ပြေးဆွဲခွင့် တားဆီးလိုက်သောကြောင့် မီနီဘတ် ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားလာခြင်းဖြစ်ပြီး လက်ရှိတွင် မီနီဘတ်စ် ၄၇ စီး ပြောင်းလဲပြေးဆွဲရန် တင်ပြထားကြောင်း သိရသည်။ "တင်ပြထားတာတော့ မှန်တယ်၊ ဒါပေမဲ့ အစီးရေ သုံးဆယ်က ဆွေးနွေးမှုအဆင့်ပဲ ရှိသေးတယ်၊ ၁၇ စီးကတော့ ပြေးဆွဲခွင့် ရပြီ၊ အစီးရေ သုံးဆယ်က အရစ်ကျ စနစ်တွေ ပါဝင်တာကြောင့် ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေ၊ သတ်မှတ်ချက်တွေ ကျန်နေလို့ပါ၊ ဒါပြီးရင်တော့ ပြေး ဆွဲခွင့်ကျမှာပါ"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝင်ရောက် ပြေးဆွဲလျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၅ဝ ဖြင့် ပုံမှန်ပြေးဆွဲလျက်ရှိကာ မီနီဘတ်စ်များဖြင့် ပြောင်းလဲပြေးဆွဲနေသည့် ယာဉ် အစီးရေ ၃၉ စီးအထိ ရှိလာကြောင်း၊ ထို့ပြင် ထပ်မံပြောင်းလဲပြေးဆွဲရန်အတွက် အစီးရေ ၄၇ စီး တင်ပြထားကြောင်း၊ အများစုမှာ ရန်ကုန်-မှော်ဘီ ယာဉ်လိုင်း များဖြစ် ကြောင်း သိရသည်။

Ref : Automobile

Author