မီနီဘတ်စ် ကားများကို အချက် ၃ ချက်ဖြင့် စစ်ဆေးခြင်းကို အချက် ၂ ချက် တူညီနေပါက ဒဏ်မရိုက်ဘဲ ထုတ်ယူခွင့်ပြုမည်

0

Full article

ပြည်ပနိုင်ငံများက တင်သွင်းထားသော မီနီဘတ်စ် ကားများကို အချက် ၃ ချက်ဖြင့် စစ်ဆေးခြင်းကို အချက် ၂ ချက် တူညီနေပါက ဒဏ်မရိုက်ဘဲ ထုတ်ယူခွင့်ပြုမည်ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ယခင်က မီနီဘတ်စ်ကားများတင်သွင်းရာတွင် မျက်မြင်စစ်ဆေးခြင်း၊ Cancellation စစ်ဆေးခြင်း ၊ အင်တာနက်အထောက်အထားစစ်ဆေးခြင် တို့ကို ပြုလုပ်နေရာ အချက် ၃ ချက်တူညီမှသာ ထုတ်ယူခွင့်ပေးလျက်ရှိပါတယ်။ ပြီးခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် မီနီဘတ်ကားများကို စစ်ဆေးသည့်အချက် ၃ ချက်အား ၂ ချက်တူညီပါက ထုတ်ယူခွင့်ပြုသွားမယ်လို့သိရပါတယ်။

အကောက်ခွန်ဦးစီးဌာနအနေနဲ့ ထိုသို့ အချက် ၂ တူညီမှသာ ထုတ်ယူခွင့်ပေးခြင်းကို ကြီးကော်အစည်းအဝေး ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်းကားများကိုသာခွင့်ပြုပေးမှာဖြစ်ပီး အစည်းအဝေးမတိုင်ခင်ကားများကို wagon အဖြစ်ဒဏ်ရိုက်ထုတ်ပေးနေတယ်လို့သိရပါတယ်။

လက်ရှိတွင် အချက် ၃ ချက်ဖြင့်မကိုက်ညီသည့် မီနီဘတ်ကားအစီးရေ ၂ဝ နီးပါးရှိနေရာ ယာဉ်ပိုင်ရှင်များက အစည်အဝေးဆုံးဖြတ်ချက် မတိုင်မီကားများကိုလည်း ဒဏ်မရိုက်ဘဲ ထုတ်ယူခွင့်ပေးသင့်တယ်လို့ဆိုကြပါတယ်။

ခေတ်သစ်

Photo Credit

Author