Full article

မတ်လအကုန်တွင် ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့် မပြုတော့သဖြင့် မီနီဘတ်စ် ဝယ်ယူမှုများရှိကြောင်း 'မထသ(ဗဟို)'မှ သတင်းရရှိသည်။

OLYMPUS

ယခုလအထိသာ စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရီး သည်တင် ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်ပြုထားသဖြင့် အစားထိုး ပြောင်းလဲလျှောက်ယူမှုများတွင် ကုန်စည်တင် ယာဉ် (က) လိုင်စင်ထက် မီနီဘတ်စ်ယာဉ် များကိုသာ ပြောင်းလဲလျှောက်ယူ မှုများရှိကြောင်း သိရသည်။ "ကျွန်တော်တို့အနေနဲ့ ခရီးသွားပြည်သူတွေ အန္တရာယ် ကင်းကင်း နဲ့သက်သာချောင်ချိစွာ သွားလာနိုင်ဖို့ရော၊ ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် နိုင်ငံတကာကနေလာတဲ့ ခရီးသည်တွေရဲ့ အမြင်မှာ တင့်တယ်စေဖို့ အတွက် ရော City Bus တွေ၊ မီနီဘတ်စ်တွေ ကောင်းသထက်ကောင်း၊ များသထက်များဖို့ လိုအပ်ပါတယ်၊ နောက်ပြီး မီနီဘတ်စ်ကားတစ်စီးကို ဟိုင်းလပ်ယာဉ် နှစ်စီးစာ ဆံ့တဲ့ အတွက် ကားလမ်းကြောလည်း အရင်ကလို ကျပ်မနေတော့ဘူး၊ အဲဒါကြောင့် အခုလိုမျိုး အစားထိုး ပြောင်းလဲပြေးဆွဲတာတွေ ပြုလုပ်တာပါ"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ မီနီဘတ်စ် ပြောင်းလဲပြေးဆွဲမှု အနေဖြင့် ကားအစီးရေ ၉၈ စီး တင်ပြထားပြီး လက်ရှိတွင် ၂၂ စီး ပြောင်းလဲ ပြေးဆွဲနေပြီ ဖြစ်သည်။ ကား ကုမ္ပဏီများတွင် မီနီဘတ်စ် ဝယ်ယူမှုကို ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် လည်းကောင်း၊ တိုက်ရိုက်ဝယ်ယူမှုအနေဖြင့် ၈ဝ ရာခိုင်နှုန်းကို ပေးသွင်း၍ ၄င်း ဝယ်ယူနိုင်ကြောင်း သိရသည်။ သို့သော် မီနီဘတ်စ် ပြောင်းလဲထားသည့် ကားပိုင်ရှင် အချို့သည် CNG ဓာတ်ငွေ့ မရရှိသေးသဖြင့် ဒီဇယ်အစားထိုး ပြေးဆွဲရသောကြောင့် ကုန်ကျစရိတ်မှာ ယခင်က ထက်များပြီး တွက်ခြေမကိုက်ကြောင်း သိရသည်။

Ref: Automobile

Author