စိတ်လှုပ်ရှားဖွယ်ရာများစွာနဲ့ အောင်မြင်စွာပြီးဆုံးခဲ့တဲ့ Merceds-Benz X Creamfields Myanmar 2019

0

Full article

Mercedes-Benz X Creamfields Myanmar 2019 ဂီတပွဲတော်ကြီးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒီပွဲမှာ ပါဝင်ပြသခဲ့တဲ့ Mercedes-Benz A-Class ကားကို စိတ်ဝင်စားသူတွေများပြားခဲ့ပြီး နိုင်ငံတကာ DJ တွေရဲ့ မရပ်မနားတီးလုံးတွေကလည်းပွဲကို ပိုမိုမြူးကြွသွားစေပါတယ်။
လာရောက်သူအများစုဟာ Mercedes-Benz ရဲ့ Booth မှာ ဓါတ်ပုံတွေရိုက်ကြ၊ အမှတ်တရလက်ဆောင်တွေယူကြရင်း တကယ့်ကို ပျော်စရာညချမ်းဖြစ်ခဲ့တာ မြင်တွေ့ရမှာပါ။


နာမည်ကြီး DJ သမားတွေဖြစ်တဲ့ Slushii ၊ KSHMR ၊ Dannic ၊ I-O ၊ Snails တို့ရဲ့ အမိုက်စား၊ အလန်းစား ဖျော်ဖြေမှုတွေရယ် ၊ Mercedes-Benz ရဲ့ ပူးပေါင်းပါဝင်မှုတွေရယ်က လာတဲ့သူတိုင်းအတွက် တကယ့်ကို အပျံစားညတစ်ညဖြစ်စေခဲ့တာပါပဲ။ တီးလုံးသံတွေကြား အားလုံးရဲ့ ခံစားမှုတွေက အမြင့်ဆုံးသော လွတ်လပ်ပျော်ရွှင်မှုတွေနဲ့အတူ စီးမျောခဲ့ကြတာပါ။ နိုင်ငံတကာနာမည်ကြီး DJ သမားတွေနဲ့မြန်မာပရိသတ်တို့ရဲ့ စည်းချက်ကျကျပေါင်းစပ်မှုတွေကလည်း ဒီပွဲရဲ့ အသက်လို့တောင်ဆိုလို့ရတယ်။ မြန်မာနိုင်ငံအလံကို လွှင့်ထူကာ၊ မြန်မာပြည်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ကိုလဲ တီးပြသွားပါသေးတယ်။ ကဲဗျာ ... လွတ်လပ်ပျော်ရွှင်မှုတွေမှာ အမြင့်ဆုံးထိအောင် ပျံသန်းသွားနိုင်ခဲ့ကြတဲ့ Creamfields လို့ဆိုရင်မှားမယ်မထင်ပါဘူး။


အလှတရားမျိုးစုံတဲ့ ခုလို EDM ပွဲကြီးမှာ Mercedes-Benz A-Class ရဲ့ ခမ်းနားမှုကို ဝင်ရောက်ပြသခဲ့သလို၊ မိုးတွေရွာနေတာတောင်မှ လူတိုင်းအပြုံးမပျက်ဆင်နွှဲကြတဲ့ ဒီပွဲတော်မှာ အခြားသော ပျော်စရာအစီအစဉ်ပေါင်းမြောက်များစွာနဲ့အတူ အောင်မြင်စွာပြီးဆုံးခဲ့တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Author

Comments