Full article

mercedes-a-class-iphone-siri-500x375

Mercedes-Benz ၏အသစ်ထွက်မည့် A-Class ကားများတွင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုပြီး iPhone 4S နှင့်လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ Mercedes သည်လည်းကောင်း၏ A-Class ကားသစ်များကို နောက်လအတွင်းပြုလုပ်မည့် Geneva Motor Show တွင်ပြသသွားရန် စီစဉ်ထားသည်။ အတွင်းပိုင်း user interface သည်လုံးဝ အသစ်ပုံစံ ပြောင်းလဲလိုက်ပြီး အသစ်ထည့်သွင်းထားသော features နှင့် functions အားလုံးနီးပါးမှာ iPhone 4S အတွက်ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။

အသစ်ထည့်သွင်းထားသော Digital DriveStyle application သည် Facebook, Twitter တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ကားများစွာရပ်နားထားသော နေရာများတွင် မိမိကားအား ရှာဖွေပေးနိုင်မည့် စနစ်များ ပါဝင်သည်။

ထို့အပြင် Mercedes သည် Apple ကုမ္ဗဏီ၏ Siri voice-recognition technology နှင့်ချိတ်ဆက်ပေးသည့် စနစ်ထည့်သွင်းပေးထားသော ပထမဆုံး ကားထုတ်လုပ်သည့် ကုမ္ဗဏီဖြစ်သည်။ သို့သော်ထို features များမှာ ဥရောပတွင်ရောင်းချမည့် A-Class ကားများတွင်သာ ပါရှိဦးမည်ဟုသိရသည်။

Author