Full article

မြန်မာနိုင်ငံတွင် မကြာမီက [အရောင်းပြခန်းစတင်ဖွင့်လှစ်ခဲ့သော](http://www.myanmarcarsdb.com/news/mazda-launch-showroom/) Mazda ကားကုမ္ဗဏီသည် ယခုမတ်လ ၂၁ရက်မှ ၂၃ရက်နေ့အထိ Customer Experience Event ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

IMAG0015-500x282

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ကားရပ်နားဝန်းတွင် ပြုလုပ်မည့် အဆိုပါပွဲတွင် Mazda ကားဝယ်ယူခဲ့သော customer များအား ကားပေးအပ်ခြင်း၊ ကိုယ်တိုင်စမ်းသပ် မောင်းနှင်နိုင်မည့် Test Drive အစီအစဉ်များ၊ ကားဝယ်ယူသူများအတွက် ဒေါ်လာ ၅ဝဝမှ ဒေါ်လာ ၈ဝဝဝ အထိကံစမ်းနိုင်မည့် အစီအစဉ်များ၊ ဖျော်ဖြေရေးနှင့် အခြားအကျွေးအမွေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ Mazda ကားများကို ကိုယ်တိုင်စမ်းသပ် မောင်းနှင်နိုင်မည့် အစီအစဉ်ကို ၂၁ရက်နေ့ နံနက် ၁ဝနာရီတွင် စတင်မည်ဖြစ်ကြောင်းသိရပါသည်။

Author