နာမည်ကြီး ကားကုမ္မဏီ Mazda မှ ခရစ်စမတ် ပါတီပွဲတွင် Mazda 2 ကို စတင်မိတ်ဆက်

0

Full article

Mazda Demio ကို ၁၉၉၆က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လာမယ့် ၂ဝ၁၆မှာတော့ နောက်ထပ်မျိုးဆက်တစ်ခုအဖြစ် ဈေးကွက်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Mazda Demioကို ဆီစားသက်သာတဲ့ကားတစ်စီးအဖြစ် ပြည်တွင်းမှာ လူသိများပြီး မိသားစုစီး အိမ်စီးကားလေးတစ်စီး၊ လူကြိုက်များတဲ့ကားတစ်စီးဖြစ်ပါတယ်။ အရွယ်အစားသေးငယ်ပြီး အင်ဂျင်သေးသေးနဲ့ ဆီစားနှုန်းသက်သာတဲ့ Mazda Demio ကို ၂ဝ၁၂ ကစပြီး ဆီစားနှုန်းသက်သာစေတဲ့ Mazda Skyactiv နည်းပညာနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။စတင်ထုတ်လုပ်ချိန်ကစပြီး ပုံစံဒီဇိုင်းအမျိုးမျိုး ပြောင်းလဲ ထုတ်လုပ်ခဲ့ပေမယ့် ပြည်တွင်း ဈေးကွက်ထဲမှာတော့ Mazda Demio ကို ၂ဝဝ၇ မော်ဒယ် လောက်ကစပြီး လူသိများခဲ့ပါ တယ်။ ၂ဝဝ၇ မော်ဒယ်ဆိုပေမယ့် ၂ဝဝ၇ ဒီဇင်ဘာမှာ စတင်ပြောင်း လဲခဲ့တဲ့ Demio ရဲ့ တတိယပုံ ပြောင်းကို ၂ဝဝ၈ ပုံပြောင်းလို့ ဈေးကွက်ထဲမှာ သိကြပါတယ်။

၂ဝ၁၄ နှစ်ကုန်ပိုင်းရောက် ချိန်မှာ M2 လို့ လူသိများတဲ့ Mazda 2 2015 ကို စတင်မိတ် ဆက်ပါတယ်။ ၂ဝ၁၅ မှာ ပြည်တွင်းဈေးကွက်ထဲကို စတင်ဝင် ရောက်လာပြီး လူကြိုက်များတဲ့ကားသစ်တစ်စီးအဖြစ် ဈေးကွက် ရှိနေပါတယ်။

Mazda 2 2015 ကို Hatc-hback ကိုယ်ထည်နဲ့ Sport Black ကိုယ်ထည်ဆိုပြီး နှစ်မျိုးထုတ်လုပ်ပါတယ်။ အင်ဂျင်အရွယ်အစား ကိုတော့ ၁၃ဝဝ စီစီနဲ့ ၁၅ဝဝ စီစီ နှစ်မျိုးကို Skyactiv အင်ဂျင်နဲ့ ထုတ်လုပ်ပါတယ်။ Sport ကိုယ် ထည်အမျိုးအစား Mazda 2 ကို တော့ အင်ဂျင်အရွယ်အစား ၁၅ဝဝ စီစီတစ်မျိုးတည်းနဲ့သာ ထုတ်လုပ်ပါတယ်။

Hatchback ကိုယ်ထည် Mazda Demio ကိုတော့ ၁၃ဝဝ စီစီနဲ့ ၁၅ဝဝ စီစီနှစ်မျိုးထုတ်လုပ် ပြီး ဂရိတ်အမျိုးအစားခြောက်မျိုး နဲ့ ထုတ်လုပ်ပါတယ်။ Skyactiv နည်းပညာသုံးအင်ဂျင်တွေနဲ့ ထုတ်လုပ်ထားတဲ့Mazda 2(2015)က ဆီစားသက်သာတဲ့အချက်ကို လူသိများပါတယ်။

1.3C-V Smart Edition II ဂရိတ်ကို စမ်းသပ်ထားတဲ့ ဆီ စားနှုန်းအရဆိုရင် အရင်ကထုတ် လုပ်ခဲ့တဲ့ Mazda Demio တွေက ဆီစားနှုန်းကို ဝ ဒသမ ၄ ကီလိုမီ တာကို တစ်လီတာနှုန်း ဆီစား တာကနေ Mazda 2 2015 မှာ ၂ဝ ဒသမ ၆ ကီလိုမီတာကို တစ် လီတာနှုန်းအထိ လျှော့ချလာနိုင် ပါတယ်။

ဆီစားနှုန်းသက်သာတဲ့အ ပြင် Mazda 2 ရ ဲ့ နောက်ထပ်ထူး ခြားတာတွေကတော့ ကားအရွယ် အစားသေးငယ်တယ်ထင်ရပေ မယ့် ခရီးသည်ငါးယောက်စာအ တွက်တော့ လုံလောက်တဲ့အတွင်း ခန်းအကျယ်အဝန်းရှိပါတယ်။

ရိုးရိုးပါဝါစတီယာရင်မဟုတ် ဘဲ လျှပ်စစ်ပါဝါစတီယာရင်၊ Anti-Lock Brake System, Stability Control, Power door Lock, Remote Keyless, Digital Aircon Control, Power Win-dow လေအိတ်ခြောက်လုံးတို့ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ ၂ဝ၁၄ Mazda Demio Skyactiv Used ဆိုရင် ကျပ်သိန်း ၁၄ဝ ဝန်း ကျင်ဖြစ်ပြီး ဂရိတ်နဲ့ မော်ဒယ်ပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ပါ တယ်။ ၂ဝ၁၅ Mazda 2 Sport Black ဆိုရင် အမေရိကန် ၃၆,၉၉၉ ဒေါ်လာဖြစ်ပြီး Mazda2Hatchback ကတော့ အမေရိကန်၂၆,၉၉၉ ဒေါ်လာနဲ့ ပြည်တွင်း က Mazda Authorized Dealers တွေထံမှာ ဝယ်ယူနိုင်ပါတယ်။

Author