Mazda CX-3 Brand New Model Car အသစ်ကို မြန်မာပြည်တွင် စတင်မိတ်ဆက်ခဲ့

0

Full article

Mazda Myanmar၏ brand new model ဖြစ်သော CX 3 ကို မေလ (၁၇) ရက်နေ့ က Junction Square Promotion Area မှာ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ မော်တော်ယာဉ်မိတ်ဆက်ပွဲတွင် ဝယ်ယူသူများအနေဖြင့် promotion Package ဖြစ်သော ရေကာ၊ သဲကာ၊ ရွံ့ကာ၊ black box များနှင့် နောက်ထက် ၅ နှစ်စာ service warranty များကို ထည့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

"ဒီ CX-3 ကတော့ ဘယ်မောင်းအနေနဲ့ တင်သွင်းလာတာဖြစ်ပါတယ်။ ပြီးတော့ ရေရှည်မှာလည်း သုံးဖို့ အဆင်ပြေမယ့်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီ Mazada CX 3 က ဘယ်မောင်းဖြစ်ပြီးတော့ ၂.ဝ အင်ဂျင် နဲ့ ဆီစားနှုန်းသက်သာစေပါတယ်။ နောက်ထက်ပံ့ပိုးထားတဲ့နည်းပညာတွေပါဝင်ပါတယ်။

အထူးတဖြင့် Mazda ကတော့ Safety ကို အဓိကထား ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mazda ကိုစတင်ဖြန်ဖြူးရောင်းချလာတာဆိုရင် ၂ဝ၁၃ ကနေ အခုချိန်အထိဖြစ်လာပြီး နောက်တစ်ခုSUV အနေနဲ့ Model အမျိုးအစားအလိုက် CX 5/CX 3/CX 9 ဆိုပြီး သုံးမျိုးလည်းရှိနေပြီ ဖြစ်ပါတယ်။

S Saloon တွေကိုလည်း မြန်မာပြည်မှာ အောင်အောင်မြင်မြင်နဲ့ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။" အရောင်းမန်နေဂျာ ဒေါ်ခိုင်မင်းသူက ဆိုသည်။

Mazda CX-3 Brand New Car ကို ရန်ကုန်လိုင်စင်အပါအဝင် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅သောင်း ဖြင့် တင်သွင်း ရောင်းချပေးနေကြောင်း သိရသည်။

Mazda CX-3 ကားအသစ်မိတ်ဆက်ပွဲ ကိုမေလ (၁၇)၊ (၁၈)၊ (၁၉)၊ (၂ဝ) ရက်များ တွင် ပြသရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Author