Full article

လာမည့်နှစ်များတွင် CIF တန်ဖိုးမထုတ်ပြန်ဘဲ ယခုနှစ်ကဲ့သို့ ယခင်နှစ်၏ CIF တန်ဖိုးအပေါ် ရာခိုင်နှုန်းလျှော့၍ တင်သွင်းခွင့်ပြုသည့် ပုံစံမျိုးသာ သွားနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Auto World ဂျာနယ်သို့ ဖြေကြားသည်.။

(၂ဝ၁၅) ခုနှစ်အတွက် ကားတင်သွင်းရမည့် သတ်မှတ်ဈေးနှုန်းဖြစ်သည့် CIF တန်ဖိုးအား မထုတ်ပြန်တော့ဘဲ (၂ဝ၁၄)ခုနှစ်၏ CIF တန်ဖိုးအပေါ်တွင် (၅) ရာခိုင်နှုန်း လျှော့၍ တင်သွင်းခွင့်ပြုသကဲ့သို့ လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ပုံစံမျိုးသာ တင်သွင်းခွင့်ပြုဖွယ်ရှိကြောင်း သိရသည်.။

MyanmarCarsDB.com မှ ကားများကိုကြည့်ရန်

ယခုအချိန်တွင် (၂ဝ၁၄) ခုနှစ် CIF တန်ဖိုးထက် (၅) ရာခိုင်နှုန်းလျှော့ကာ တင်ပြမှုများအား လက်ခံပေးနေပြီး မတ်လနောက်ပိုင်းမှစ၍ တင်သွင်းရမည့် ကားဈေးတန်းတစ်ခု ပီပြင်စွာဖြစ်လာနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ အဆိုပါတာဝန်ရှိသူက သုံးသပ်ပြသည်.။

"အခု (၅)ရာခိုင်နှုန်း လျှော့ပြီး တင်သွင်းခွင့်လျှောက်လို့ရပါတယ်.။ အစဆိုတော့ ဈေးနှုန်းတွေသေချာ မသိတာမျိုးတွေ ရှိနိုင်ပါတယ်.။ ဒီလိုပဲ မနှစ်ကဈေးအပေါ်မှာ (၅) ရာခိုင်နှုန်းလျှော့ရင် ဘယ်ကားက ဘယ်ဈေးနဲ့သွင်းလို့ရတယ်ဆိုတာ မတ်လနောက်ပိုင်းကျရင် အဆင်ပြေမှာပါ.။ (၃)လ အတွင်း သွင်းရင်းနဲ့ ကားတွေစုံလာတော့ ဈေးကသိလာမယ်.။ နောက်နှစ်တွေမှာလည်း CIF မထုတ်ဘဲ ဒီလိုပုံစံနဲ့ သွားနိုင်ပါတယ်" ဟုရှင်းပြသည်.။

တင်သွင်းသည့်လုပ်ငန်းရှင်များ ဘက်မှလည်း Invoice တင်ပြမှုအတိုင်း အခွန်ကောက်ခံမည်ဆိုခြင်းထက် ယခုကဲ့သို့ ယခင်နှစ် CIF တန်ဖိုး၏ (၅) ရာခိုင်နှုန်းလျှော့၍ တန်ဖိုးတင်ပြခြင်းမှာ ပိုမိုသင့်လျော်ကြောင်း ကားလေလံကုမ္ပဏီပိုင်ရှင် တစ်ဦးက ပြောပြသည်.။

Invoice တင်ပြရမည်ဆိုပါက ဝယ်ရင်းဈေးနှုန်းမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် အခွန်ကောက်ခံရာတွင် လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပြီး ယခုကဲ့သို့ (၅) ရာခိုင်နှုန်းလျှော့၍ တင်ပြနိုင်သဖြင့် ဈေးတန်းတစ်ခုအဖြစ် ရှိနိုင်ကြောင်း ပြောပြသည်.။

"အခုလို (၅) ရာခိုင်နှုန်းလျှော့ပြီး တင်ပြတာက တော်သေးတယ်.။ ဈေးသိတယ်.။ Invoice တင်ပြရင် ဒေါ်လာ (၅ဝဝဝ) တန်ကားလို့ပြောပေမယ့် (၇ဝဝဝ) ၊ (၈ဝဝဝ) နဲ့ဝယ်ရတာတွေ ရှိတယ်.။ မသေချာတော့ဘူး.။ လောလောဆယ်တော့ အခု (၂ဝ၁၄) CIF အပေါ် (၅) ရာခိုင်နှုန်းလျှော့ပြီး လျှောက်တာ လက်ခံတယ်" ဟုရှင်းပြသည်.။

စန္ဒီဝင်း

ဇန်နဝါရီ (၃ဝ) – ဖေဖော်ဝါရီ (၅) – ၂ဝ၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။

www.myanmarcarsdb.com

Author