YBS ယာဉ်လိုင်းအသစ်တွင် ပြေးဆွဲမည့်Max Myanmar ကုမ္ပဏီက ကားအစီး ၁ဝဝ ပြေးဆွဲခွင့်ရရှိ

0

Full article

ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေး YBS ယာဉ်လိုင်းတွင် ပြေးဆွဲမည့် Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ အမည်ဖြင့် တင်ပြထားရှိရာ ယာဉ်လိုင်း ၂ လိုင်းတွင် ကားအစီး ၁ဝဝ ကို ယခုလအတွင်း ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရသည်။

ထိုကဲ့သို့ ပြေးဆွဲခွင့်ရရှိသော ယာဉ်လိုင်းသစ် ၂ လိုင်းမှာ ယာဉ်လိုင်းအမှတ် ၉၃ နှင့် ယာဉ်လိုင်းအမှတ် ၇၈ ယာဉ်လိုင်း တို့ဖြစ်ပြီး ပြေးဆွဲပေးသွားမည့်ကားများမှာ လက်ရှိ brand new ၂ဝ၁၇ မိုဒယ် Foton ကားအမျိူးအစား များဖြစ်ကြောင်းသိရသည်။

"လူထုမိတ်ဆွေ အမည်နဲ့ကားအစီး ၁ဝဝ ကို ဒီအပတ်ထဲမှာ ခွင့်ပြုပေးလိုက်ပါပြီ။ ယာဉ်လိုင်း ၂ လိုင်းမှာ ပြေးဆွဲဖို့ ကျတာပါ။ နောက်ထပ်ခွင့်ပြုမယ့် ယာဉ်လိုင်းတွေလည်းရှိပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လူထုမိတ်ဆွေ နာမည်ဖြင့် ပြေးဆွဲရန် ခွင့်ပြုလိုက်သော ယာဉ်လိုင်း ၂ လိုင်းမှာ ရွှေပြည်သာ၊လှော်ကား၊ ဒညင်းကုန်း၊ လမ်းဆုံနှင့် မင်္ဂလာဒုံ ဘက်သို့ အခြေစိုက်ပြေးဆွဲပေးသွားမည်ဖြစ်ရာ ထပ်မံပြေးဆွဲရန် အာဏာပိုင် အဖွဲ့ဆီသို့ တင်ပြထားသော ယာဉ်လိုင်းများ ကျန်ရှိနေသေးကြောင်းသိရသည်။

B-01

Author