Max Myanmar ကုမ္ပဏီ မှ YBS အစီး ၅ဝဝဖြင့် ၂ဝ၁၈ ဇန်နဝါရီလဆန်းတွင် ယာဉ်လိုင်းသစ် စတင်ပြေးဆွဲမည်

0

Full article

ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး YBS တွင် လူထုမိတ်ဆွေ ယာဉ်လိုင်းအသစ်ကို Max Myanmar ကုမ္ပဏီ က ကားအစီး ၅ဝဝ ဖြင့် ၂ဝ၁၈ ဇန်နဝါရီလဆန်းတွင် စတင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ နာမည်ဖြင့် လိုင်းသစ်တစ်ခု ပြေးဆွဲသွားမည့်ကားများမှာ Foton ၂ဝ၁၇ မိုဒယ် Brand New ကားအမျိူးအစားများဖြစ်ရာ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယာဉ်လိုင်းပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

"လာမယ့်အပတ်မှာ Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ နာမည်နဲ့ တင်ပြထားတဲ့ကားတွေ ပြေးဆွဲခွင့်ပြုလိုက်ပါတယ်။ ကားအစီးရေ ၅ဝဝ လောက်ရှိတယ်။ "လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်အိုယာဉ်ဟောင်း အဖြစ် ၁၉၉၆ မိုဒယ်၊ ၁၉၉၇ မိုဒယ် ၁၉၉၈ မိုဒယ်အထိ YBS ကားအစီးရေ ၂၉ဝ ကျော် အပ်နှံခွင့်ပြုပေးနေပြီး လူစီးစလစ် ထုတ်ပေးနေရာ ထိုကားများနေရာမှာ အစားထိုးယာဉ်သစ်များ ဝင်ရောက်ပြေးဆွဲ သွားမည်ဖြစ်ကြောင်းသိရသည်။

ယာဉ်ကြံခိုင်မှုမရှိသည့် အိုဟောင်းနေသော မီနီဘတ်စ် YBS ကားများကို ထပ်မံအပ်နှံခွင့်ပြုကာ လူစီးစလစ် ထုတ်ပေးရန် ရှိနေကြောင်းလည်းသိရသည်။

Author