Max Myanmar ကုမ္ပဏီ လူထုမိတ်ဆွေ အမည်ဖြင့် YBS အမှတ် ၉၄ ယာဉ်လိုင်းသစ် ကားအစီး ၅ဝ ယနေ့ စတင်ပြေးဆွဲ

0

Full article

ရန်ကုန်မြို့ ခရီးသည်တင် YBS ယာဉ်လိုင်းဖြစ်တဲ့ လူထုမိတ်ဆွေ အမည်ဖြင့် YBS အမှတ် ၉၄ ယာဉ်လိုင်းသစ်ကို ကားအစီး ၅ဝ ဖြင့် ယနေ့(၂၆၊မတ်) စတင်ပြေးဆွဲပေးနေပြီဖြစ်ရာ စတင်ပြေးဆွဲ သည့်နေ့တွင် အခမဲ့ စီးနင်းခွင့်ပေးသွားမှာ ဖြစ်ကြောင်း လုထုမိတ်ဆွေယာဉ်လိုင်းသစ် ဖွင့်လှစ်ပွဲက သိရသည်။

YBS အမှတ် ၉၄ ယာဉ်လိုင်းသစ် ဖွင့်လှစ်ပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးအား Brand Ambassador ခန့်အပ်ခဲ့ကြောင်း သိရပါသည်။

" YBS အမှတ် ၉၄ ယာဉ်လိုင်းသစ်ကို ဒီနေ့စပြီးပြေးဆွဲပေးပါတယ်။ ကားအစီးရေ ကတော့ ၅ဝ နဲ့ Foton ကားသစ်တွေနဲ့ ပြေးဆွဲမှာပါ။ စစချင်းပြေးဆွဲတဲ့ ရက်မှာ အခမဲ့ အနေနဲ့ပြေးဆွဲပေးမှာပါ။ နောက်ထပ်လည်း ယာဉ်လိုင်းတွေ ထပ်တိုးပြေးဆွဲဖို့ ရှိပါတယ်။ "ဟု လူထုမိတ်ဆွေယာဉ်လိုင်းတွင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသည်တင် YBS အမှတ် ၉၄ ယာဉ်လိုင်းသစ် ပြေးဆွဲပေးသွာမည့်ခရီးစဉ်များမှာ ကွန်ပျူတာတက္ကသိုလ် (ဂိတ်ရင်း)၊ ရွှေပြည်သာကွေ့၊ တညင်းကုန်းလမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း၊ အင်းစိန်ပန်းခြံ၊ ဗဟိုလမ်း၊ ဟံသာဝတီ၊ အထက်/ အောက် ကြည့်မြင်တိုင်လမ်း၊ စလင်းကွင်း၊ ဝှိက်တော၊ ဂျမာခန်နာ၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ရန်ကုန်ဘူတာကြီး (ဂိတ်ဖျား)သို့ ရောက်ရှိမည်ဖြစ်ပြီး မြို့တွင်းပတ်မည့်ပုံစံမှာ သခင်မြပန်းခြံ (ဗိုလ်ချုပ်ကွေ့) မှတ်တိုင်မှ ထွက်ခွာ လာပြီးလျှင် ဗိုလ်ချုပ်အောင် ဆန်းလမ်းအတိုင်း ဗိုလ်ချုပ်ဈေးအထိ၊ ထို့နောက် Shangrila Hotel ရှိရာ မီးပွိုင့်မှ ဘယ်ဘက်သို့ချိုးကွေ့ပြီး ရန်ကုန် ဘူတာကြီး (ဂိတ်ဖျား) အထိ ဖြစ်ကြောင်း သိရပါသည်။

Author