အာဇာနည်နေ့ ၁ဝ နာရီ ၃၇ မိနစ်တွင် လမ်းပေါ် သွားနေသည့် ယာဉ်များအားလုံးရပ်ကာ ဟွန်းတီးကြရန် သမ္မတရုံးနိုး ဆော်ထား

0

Full article

![](/redline/content/images/2017/07/gergeg-300x201.jpg)

_ Photo Credit_

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက် ၁ဝ နာရီ ၃၇ မိနစ်တွင် လမ်းပေါ် သွားနေသည့်ယာဉ်များအားလုံးရပ်ကာ ဟွန်းတီးကြရန် သမ္မတရုံးမှ နှိုးဆော်ထားရှိပါတယ်။ ဇူလိုင် ၁၉ ရက် တွင် ကျရောက်မည့် နှစ် ၇ဝ ပြည့် အာဇာနည်နေ့၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝန်းရှိ နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူကြရန် အစိုးရရုံးဌာနဆိုင်ရာ အားလုံးကို နိုင်ငံတော် သမ္မတရုံးမှ နှိုးဆော်ထားကြောင်းသိရသည်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့သည့် မနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲအချက်ပေးနေစဉ် အချိန်အတွင်း သွားလာနေသည့် မော်တော်ယာဉ်များအားလုံး ခေတ္တရပ်ကာ ဟွန်းတီးကြရန် သတင်းထုတ်ချက်တွင် ရေးသားဖော်ပြထားသည်။ ဗိုလ်ချူပ်အောင်ဆန်း နေအိမ်၊ အာဇာနည်ဗ္ဗိမာန်၊ နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့ကို ဇူလိုင် ၁၉ ရက် တွင် မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း ၊ ဇူလိုင် ၂ဝ မှ ၂၃ ရက်အထိနေ့များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း ၊ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)ကို ဇူလိုင် ၁၉ မှ၂၁ ရက်ထိနေများတွင် မနက် ၆ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း အသီးသီး ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက်ဂါရဝပြုကြမည့် သူ များအနေဖြင့် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း၊ ဘူး အမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်၊ ကောလက်ကိုင်အိတ်အကိုတင်စစ်ဆေးခံယူမှု မရှိသော လုံခြုံရေးကိုထိခိုက်စေနိုင်မည့် ပစ္စည်း တစ်စုံ တစ်ရာ ယူဆောင်ခွင့်မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန် ၌ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် တွင် စတင်ကျင်းပမည်ဖြစ်ရာ ဇူလိုင်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်မှ ဇူလိုင်လ ၁၉ ရက်နေ့ ည ၆ နာရီ အချိန်ထိ ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှအနောက်ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနှင့် ဆုံရာအထိလည်းကောင်း၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ ဘုရား အရှေ့မုခ်စောင်းတန်းအထိလည်းကောင်း ၊အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန် သို့ တက်ရောက်ရာ အုတ်လှေကားလမ်း နှင့် ကျောက်ဆည်ဓမ္မာရုံဘေးလမ်းကြားများကို ဖြတ်သန်းသွား လာမှု ယာယီပိတ်ဆို့ထား မည်ဖြစ်ကြောင်း လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ က ထုတ်ပြန်ကြေညာခဲ့သည်။

ခေတ်သစ်

Author