Classic နံပါတ်အနေနဲ့ ကတော့
· GRX120-2500cc, 2WD
· GRX125-2500cc, 4WD
· GRX121-3000cc, 2WD
Grade အနေနဲ့ Mark X အားလုံးသည် G-Grade တွေဖြစ်ပါတယ်။G-Grade ကိုမှရိုးရိုး G-Grade နဲ့ အခြား Package များလည်းရှိပါတယ်။ GRAX120-2500cc,2WD မှာဆိုရင်...
250G F Package (အနိမ့်ဆုံးဂရိတ်)၊
250 G L Package (အင်တင်နာ၊ CD Charger ၊ ခြေနင်းမီးတန်း တို့ပါ။)
ဝယ်/ရောင်း တွေကျတော့အဓိကအားဖြင့် Push Start ဖြစ်လား၊ Original TV ဖြစ်လားကိုပဲအဓိကထားကျတယ်။ဂရိတ်အပြည့်ဆုံးကတော့ Premium ဖြစ်ပြီး GRX121-3000cc,2WD မှာသာ ထုတ်ပါတယ်။၂ဝဝ၉ ခုနှစ် အောက်တိုဘာလ မှာတော့ Mark X ကို မျိုးဆက်သစ်အဖြစ် ပုံစံပြောင်းလဲပြီး Class no. များကိုလည်းပြောင်းလဲခဲ့ပါတယ်။ GRX130 မှာတင်အခွဲပေါင်း ငါးမျိုးရှိပါတယ်။ 250G F Package, 250G Relax Section, 250G S Package, 250S S Relax Package Selection စသည်ဖြင့်အမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ယခုအချိန်မှာ 2004 Model လောက်ဆို စလစ်ဈေးပေါ်မူတည်ပြီး သိန်း ၂၅ဝ ဝန်းကျင်လောက်ရှိပြီး၊ 2009 ရုပ်ပြောင်းဆိုရင်တော့ သိန်း ၄၅ဝ ဝန်းကျင် ရှိနိုင်ပြီး၊ဒီရောက်ပြီးသား အက္ခရာနိမ့်သွားရင်တော့ ဈေးအများကြီးသက်သာသွားနိုင်ပါတယ်။
Rfs: Automobile
Photo Detail: mmqmmq