နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ကားကို ထုတ်လုပ်လိုက်တဲ့ အိန္ဒိယကျောင်းသားများ

0

Full article

လေထုညစ်ညမ်းမှု လယ်ဗယ် မြင့်တက်လာတာနဲ့အမျှ Kanataka မြို့မှ Manipal နည်းပညာကျောင်းမှ ကျောင်းသာ ၂၇ ယောက်က SERve လို့ခေါ်တဲ့ ဆိုလာပါဝါသုံး လျှပ်စစ်ဆိုလာ မော်တော်ယာဉ်ကို တီထွင်ထုတ်လုပ်လိုက်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် တွန်းအားပေးလိုက်ပါတယ်။ထိုင်ခုံ နှစ်ခုံပါ ၅၉ဝ ကီလိုအလေးချိန်ရှိပြီး တစ်နာရီကို ၆ဝ ကီလိုမီတာ ပြေးနိုင်တဲ့ ကားကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ယခုလက်ရှိ နိုင်ငံတကာမှာ ဆိုလာကားထုတ်လုပ်မှုက မရှိသလောက်နည်းပါးလျက်ရှိပါတယ်။ မှတ်မိရသလောက် ယခုတီထွင်လိုက်တဲ့ နေရောင်ခြည်သုံးကားအပါဝင်အဝင်မှ တစ်ကယ် ခရီးသည်လိုက်ပါစီးနင်းနိုင်တာဆိုလို့ သုံးစီးလောက်ပဲရှိပါသေးတယ်။ အစီးရေနည်းနေရခြင်း အကြောင်းအရင်းကတော့ ထုတ်လုပ်မှု ကုန်ကျစာရိတ်ကို လျော့ချဖို့ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်။ အခုတော့ SERve ဆိုလာလျှပ်စစ်ကားကို ထုတ်လုပ်တဲ့ကုန်ကျစာရိတ်ဟာ ရူပီး ၂၅ သိန်း (မြန်မာငွေ ကျပ် ၄၄၂ သိန်းနီးနီး) ကုန်ကျတာကြောင့် ဒါဟာကုန်ကျစာရိတ်အနည်းဆုံးနဲ့ ထုတ်လုပ်နိုင်ခဲ့တယ် လို့ ကျောင်းသားအသင်းရဲ့ခေါင်းဆောင် Jeet Banneriee က NDTV ကိုပြောပြသွားခဲ့ပါတယ်။

.

ကျောင်းသားတွေအနေနဲ့ TaTa ဆိုလာပါဝါမှကူညီပေးတဲ့ ဆိုလာပြားတွေနဲ့အစပျိုးခဲ့တာဖြစ်ပါတယ်။ ဒီဆိုလာပြားတွေဟာ ကားရဲ့ မျက်နှာပြင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဆိုလာပြား အကွေးတွေကို အသုံးပြုပြီး လေခွင်းအား ဒီဇိုင်းနဲ့ ထွက်ရှိလာကာ 35 ကီလိုဂရမ်ပဲ အလေးချိန်ရှိတာကြောင့် ယခင်ခန့်မှန်းထားတာထက် ပိုမို ပေါ့ပါးနေတာကိုလည်း တွေ့ရှိရပါတယ်။

TaTa ဆိုလာပါဝါရဲ့ CEO နဲ့ Executive Director Ashish Khanna ရဲ့ပြောကြားသွားတာကတော့ စွမ်းဆောင်ရည်ပိုမိုမြင့်မားပြီး လေဟုန်ခွင်းနိုင်တဲ့ တည်ဆောက်ပုံကိုရရှိနိုင်ရန်အတွက် ပိုမို ပေါ့ပါးတဲ့အလေးချိန်ရှိတဲ့ ဆိုလာပြားတွေကို ထောက်ပံပေးခဲ့တာဖြစ်ပါတယ်။

source – NDTV

Author