မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တစ်လမ်းမောင်းသတ်မှတ်ထားသော လမ်းအချို့ကို နှစ်လမ်းမောင်းလမ်းများအဖြစ် ပြောင်းလဲသတ်မှတ်

0

Full article

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တစ်လမ်းမောင်းသတ်မှတ်ထားသော လမ်းအချို့ကို နှစ်လမ်းမောင်းလမ်းများအဖြစ် ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း စတင်မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အသိပေးကြေညာချက်အရသိရသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ  ၂၆ လမ်းမှ ၃၅ လမ်းအတွင်းရှိ ၈၁ လမ်း၊ ၈၂ လမ်း နှင့် ၈၃ လမ်းတို့ဖြစ်ပြီး ၈၁ လမ်းသည် ၃၅ လမ်းမှ ၂၆ လမ်းအထိ တောင်မှ မြောက်သို့လည်းကောင်း၊ ၈၂ လမ်းသည် ၂၆ လမ်းမှ ၃၅ လမ်းအထိ မြောက်မှ တောင်သို့လည်းကောင်း၊ ၈၃ လမ်းသည် ၃၅ လမ်းမှ ၂၆ လမ်းအထိ တောင်မှ မြောက်သို့လည်းကောင်း၊ ၈၄ လမ်းသည် ၂၆ လမ်းမှ ၂၈ လမ်းအထိ မြောက်မှ တောင်သို့ လည်းကောင်း တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားခဲ့ရာမှ လာမည့် မေလ ၉ ရက်နေ့မှ စတင်ကာ အဆိုပါလမ်းများကို နှစ်လမ်းမောင်းအဖြစ် သွားလာမောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးအကြောင်းကြားထားပါသည်။ ထိုသို့ ပြောင်းလဲသတ်မှတ် မောင်းနှင်ခွင့်ပြုရာတွင် တောင်-မြောက် လမ်းများကို အဓိက လမ်းများအဖြစ် သတ်မှတ်ထားပြီး၊ အရှေ့/ အနောက်လမ်းမှ ယာဉ်ကြောများသည် ဦးစားပေးသွားလာရမည်ဖြစ်ပြီး နှစ်လမ်းမောင်းလမ်းများပေါ်တွင်၊ ပါကင်ဆေးလိုင်းအတွင်း အလျားလိုက်ရပ်ရန်နှင့် ကန့်လန့်ရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဆိုင်ခန်းများ တည်ခင်းရောင်းချခြင်းမပြုရန် စည်းကမ်းသတ်မှတ်ထားပြီး မေလ ၁၅ ရက်နေ့အထိကို ပညာပေးကာလသတ်မှတ်ကာ မေလ ၁၆ ရက်နေ့မှ စတင်ကာ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ အသိပေးထားပါသည်။


အခြားလမ်းများဖြစ်သော ၇၈ လမ်းမှ လမ်း၈၀ အထိ ၃၆ လမ်း၊ ၃၇ လမ်း၊ ၃၉ လမ်းနှင့် လမ်း၄၀ တို့ကိုမူ တစ်လမ်းမောင်းအဖြစ်ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Author