အခြားတိုင်းဒေသ/ပြည်နယ်တွေက ကားတွေရောက်လာတဲ့အခါ စည်ပင်ပိုင်နယ်နိမိတ်အတွင်း ပလက်ဖောင်းဘေးတွေမှာ ရပ်နားကြတယ်.။ တစ်နိုင်ငံလုံးမှာ ကားအစီးရေများလာသလို မန္တလေးမြို့ထဲဝင်ရောက်တာလည်း များလာတယ်.။ ပလက်ဖောင်းဘေးရပ်တော့ ယာဉ်ကြောကျဉ်းသွားတယ် ဟု စည်ပင်သာယာအခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်.။
ကောက်ခံမည့် နှုန်းထားတွင် တိုင်းဒေသကြီး မှတ်ပုံတင်ယာဉ်နှင့် အခြားပြည်နယ် / တိုင်းမှတ်ပုံတင်ယာဉ်ဟူ၍ နှစ်မျိုးခွဲကာ ကောက်ခံမည်ဖြစ်ပြီး ယခင်ကောက်ခံသည့်နှုန်းထားများထက် လေးဆခန့် မြင့်တက်သွားပြီး မြို့ဝင်ကြေးနှုန်းထားသစ်များဖြင့် ကောက်ခံသွားမည်ဟု ဆိုသည်.။
နှုန်းထားသစ်အရ မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်ယာဉ်များအား တစ်တန်အောက် (၂ဝဝ)ကျပ်၊ တစ်တန်မှ (၄)တန်အထိ (၄ဝဝ)ကျပ်၊ လေးတန်အထက် (၆ဝဝ)ကျပ် ဖြစ်၍ လပေးစနစ်အရ တစ်တန်အောက် (၂ဝဝဝ) ကျပ်နှင့် တစ်တန်အထက် (၄ဝဝဝ)ကျပ်ဖြစ်ကြောင်း၊ အခြားပြည်နယ်/တိုင်းမှတ်ပုံတင်ယာဉ်များအား တစ်တန်အောက် (၃ဝဝ)ကျပ်၊ တစ်တန်မှ (၄)တန်အထိ (၅ဝဝ)ကျပ်၊ လေးတန်ထက် (၇ဝဝ)ကျပ် ဖြစ်၍ လပေးစနစ်အရ တစ်တန်အောက် (၃ဝဝဝ)ကျပ်နှင့် တစ်တန်အထက် (၅ဝဝဝ)ကျပ် ဖြစ်ကြောင်းသိရသည်.။
ခုလို ညအိပ်ခွန်တိုးကောက်တာနဲ့ ယာဉ်ကြောရှင်းမယ်ဆိုတာ ဆက်စပ်လို့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဖြစ်နိုင်တာက ယာဉ်ရပ်တဲ့နေရာတွေကို သေချာလုပ်ပေးပြီး လမ်းတွေကျယ်ဖို့လိုတယ်။ ကားရပ်မယ်ဆိုရင် လမ်းဘေးဆိုင်တွေက သူ့ဆိုင်ရှေ့မရပ်နဲ့ဆိုတာတွေ ကြုံရတယ်။ နောက်ပြီး ယာဉ်မောင်းတွေကလည်း စည်းကမ်းနဲ့အညီရပ်ကြရင် အဆင်ပြေမယ် ဟု မြို့ခံတက္ကစီယာဉ်မောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်.။
ခိုင်ဆက်ဝေ ( May 1, 2015 ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြသည်)
No. 1 Car Site in Myanmar
www.myanmarcarsdb.com