Full article

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင်ကတ်(ITC) ထုတ်ပေး၍ ITC ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်များခွင့်ပြုခြင်းကို ဧပြီ ၁ ရက် မှစ၍ စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန'မှ သိရသည်။![22](/redline/content/images/2014/04/22-1.jpg)

"ပို့ကုန်၊ သွင်းကုန်လုပ်မယ်ဆို အရင်းအနှီး အရမ်းများတယ်လေ၊ ဒီဟာနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်ထားစရာမလိုဘဲ ITC ကတ် တစ်စောင်ကို ကျပ်ငါးရာကနေ တစ်ထောင်၊ သိန်းငါးဆယ်ကနေ သိန်းတစ်ရာ ထားပေးတော့ အဲဒါတွေက ပိုလုပ်လို့ လွယ်တာပေါ့၊ ITC မှာ သွားပြီးတော့ ကုမ္ပဏီ မှတ်ပုံတင်ရမှာတို့၊ ကုမ္ပဏီရှိဖို့လိုတာတို့ အဲဒါတွေဆို အများကြီးရှုပ် တယ်လေ၊ ITC ကတ်နဲ့ကျတော့ တန်းပြီး လုပ်လို့ရတော့ အဲဒါကို ထုတ်ပေးမှာ၊ ပို့ကုန်၊ သွင်းကုန်အတွက် ရုံးဖွင့်ပြီးတာနဲ့ ITC ကတ်နဲ့ လျှောက်ရင် ထုတ်ပေး သွားမှာပါ" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ကုန်သွယ်မှုလမ်းကြောင်း တစ်ဆက် တည်းဖြစ်သည့် မူဆယ်၊ ချင်းရွှေပော်၊ လွယ်ဂျယ်၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ် ပေးခြင်းဖြစ်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။

Ref : Automobile

Author