Full article

မြန်မာနိုင်ငံတွင်လူသိနည်းသေးသော ဥရောပ၏ နံပါတ် ၁ ဂျာမနီနိုင်ငံထုတ် Man Bus ကားကြီးများကို Myanmar First Asia ကုမ္ပဏီမှ မြန်မာပြည်တစ်ဦးထဲ ကိုယ်စားလှယ်အဖြစ် မကြာမီတင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

3483178095_5c6b46656c1

ယူရို၏ နံပါတ် ၁ ဖြစ်သော Man Bus ကားများကို ဂျာမနီနိုင်ငံတွင် ထုတ်လုပ်ထာူပြီး မြန်မာပြည်၏ Bus Express Market ကို အဓိက ဦးစားပေးအနေဖြင့် တင်သွင်းရောင်းချမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးသော်ဝင်းမှ ပြောကြားသည်။

၎င်းကားများကို 1 Year Warranty ပေးထားမည်ဖြစ်ပြီး ကားများ၏ service ပိုင်းစစ်ဆေးမှုကို MAN မှ အင်ဂျင်နီယာများကိုယ်တိုင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လိုအပ်သော အပိုပစ္စည်းများကိုလည်း Original Spare Parts များ အသုံးပြုသွားမည်ဖြစ်ပြီး Sales & Service Centre အား အောင်မင်္ဂလာ အဝေးပြေးကားဂိတ်၏ အနောက်ဖက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

Auto world Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Renato

Author