MAMDA ကား အသင်းမှ ၂ဝ၂ဝသက်တမ်း အထိ အမှုဆောင်အသစ်များ ရွေးချယ်ခန့်အပ်

0

Full article

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်အသင်း မှ ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ အထိ သက်တမ်းအတွက် စက်တင်ဘာ ၂၃ စနေ့နေ့တွင် အမှုဆောင်အသစ်များ ရွေးချယ်ခန့်အပ်ထားကြောင်းသိရသည်။

၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွက် အမှူဆာင်အသစ်များမှာ ဥက္ကဌ ဒေါက်တာစိုးထွန်း၊ ဦးဇော်ထိုက်အေး ဒုတိယဥက္ကဌ (၁)၊ ဦးထွန်းမြင့် ဒုတိယဥက္ကဌ (၂)၊ ဦးမိုးကျော်စွာ ဒုတိယဥက္ကဌ (၃)၊ ဦးမျိူးမြင့် ဒုတိယဥက္ကဌ (၄)၊ ဦးမျိူးဇော်အောင် ဒုတိယဥက္ကဌ (၅)၊ ဦးမျိူးဇင်ဝင်း အထွေထွေအတွင်းရေးမှူး၊ ဦးအောင်ဝင်းသန်း တွဲဖက်အတွင်းရေးမှူး (၁)၊ ဒေါက်တာခန့်ဝင်း တွဲဖက်အတွင်းရေးမှူး (၂)၊ ဦးကျော်စွာထွန်းမြင့် တွဲဖက်အတွင်းရေးမှူး (၃)၊ ဒေါက်တာကျော်ကျော်အောင် တွဲဖက်အတွင်းရေးမှူး (၄)၊ ဦးအောင်နိုင်ထွန်း တွဲဖက်အတွင်းရေးမှူး (၅)၊ ဒေါက်တာဖြိုးဇေဦး ဘဏ္ဍာရေးမှူး၊ ဦးတင်မောင်လှိုင် တွဲဖက်ဘဏ္ဍာရေးမှူး (၁) ၊ ဦးမင်းဇော်ဖေ တွဲဖက်ဘဏ္ဍာရေးမှူး (၂)၊ ဦးကြည်သာဟန် စာရင်းစစ် ၊ ဒေါ်အေးအေးခင် တွဲဖက်စာရင်းစစ်တို့ကို ရွှေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ MAMDA ကား အသင်းကြီး၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အဖွဲ့အစည်းများ ၊ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ နှင့် ပေါင်းစပ်ညှိုနှိုင်း၍ အသင်းသားများ၏ အခက်အခဲ၊ လိုအပ်ချက်များ ကူညီဆောင်ရွက်ပြီး အချိန်နှင့်တပြေးညီ ဖြေရှင်း ပေးနိုင်ရန်နှင့် နိုင်ငံတစ်ဝှမ်းလုံးရှိ မော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ကိုင်နေသော လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုး တိုးတတ် လာစေရန် မော်တော်ယာဉ် ထုတ်လုပ်မှုဖွံဖြိုး တိုးတတ်လာပြီး နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာစေရန် ရည်ရွယ်ဖွဲ့စည်းထားရှိကြောင်း သိရသည်။

ခေတ်သစ်

Unicode Version




Author