Credit: MAMDA facebook
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း (MAMDA) စီမံခန့်ခွဲရေး ကော်မတီ (၂ဝ၁၇-၂ဝ၂ဝ) ရွေးကောက်ပွဲကို သြဂုတ် ၁၈ သောကြာနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းရွေးကောက်ပွဲမှ Min Min Maung Service Co,Ltd မှ ဦးမင်းမင်းမောင်အား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ Unity Land Automotive Co.,Ltd မှ ဦးရန်မျိုးအောင်အား အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ခန့်အပ်ခဲ့ကာ ဒုတိယ ဥက္ကဋ္ဌများ၊ တွဲဖက် အတွင်းရေးမှူးများကိုခန့်အပ်ခဲ့သည်။