တတိယအကြိမ်မြောက် MAMDA အသင်း၏ နှစ်ပတ်လည် အသင်းသာ စုံညီအစည်းအဝေးပွဲတွင် CarsDB မှ Co-Sponsor အဖြစ်ပါဝင်ခဲ့

0

Full article

ပြီးခဲ့သည့် စက်တင်ဘာလ (၂၄) ရက်နေ့က UMFCCI မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးပွဲ၍ မြန်မာနိုင်ငံ၏ နံပါတ် (၁) မော်တော်ကားအရောင်းအဝယ် Website CarsDB မှ Co-Sponsor အဖြစ်ပါဝင်ခဲ့သည်။ထိုပွဲတွင် CarsDB မှ Premium Dealer Service သုံးစွဲသူများအတွက် ကဏ္ဍအသစ်အနေဖြင့် ဖန်တီးပေးလိုက်သည်။ Profile Page အသစ်ကို မိတ်ဆက်ပြသပေးခဲ့သည်။ ထို Profile Page အသစ်မှ အသုံးပြုသူအတွက် ကိုယ်ပိုင် Website တစ်ခုကဲ့သို့ အင်တာနက်စာမျက်နှာနှင့် လိပ်စာရရှိခြင်း၊ မိမိကုမ္မဏီအကြောင်း အသေးစိတ်ဖော်ပြနိုင်ခြင်း၊ ကုမ္မဏီမှ ရောင်းချမည့် ကားများကိုတစ်စုတစ်စည်းတည်းဖော်ပြနိုင်ခြင်းနှင့် ကုမ္မဏီ Logo အပြင် Banner Cover Photo ကို ဖော်ပြနိုင်ခြင်းတို့ဖြစ်ပါသည်။ထို့ကြောင့် ယခု ဖန်တီးလိုက်သည့် Profile Page အသစ်မှာ သာမာန် Facebook Page တစ်ခုထက်ပိုပြီး ကောင်းမွန်ထိရောက်စေနိုင်မည် ဖြစ်ပါသည်။

Author