ကုန်စည်ရှင်းလင်းရေးစနစ် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတွင်စတင်ကျင့်သုံးမည်

0

Full article

![](/redline/content/images/2017/05/sa-300x225.jpg)

မြစတီ နယ်စပ်ကုန်သွယ်ရေး စခန်းတွင်အကောက်ခွန် ဦးစီးဌာနရဲ့ သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များအတွက် အွန်လိုင်းဝန်ဆောင်မူဖြင့် ၂၄ နာရီ အလိုအလျှောက်ကုန်စည်ရှင်းလင်းစနစ် စနစ်ကို လာမယ့် ၂ဝ၁၈ ခုနှစ် ဇွန် လစ၍ စတင်ကျင့်သုံးမှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာန ကသိရပါတယ်။ လက်ရှိအနေထားအရတော့ လက်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှာ (MACCS) စနစ်ကို စတင်ဖို့ စီစဉ်ထားပြီး။ တံတား၂ ပြီးသွား ရင် မြဝတီ ကုန်သွယ်ရေးဇုန်ကို တံတား ၂ ကိုရွေ့မှာ ဖြစ်ပါတယ်။ တံတား ၂ မပြီးခင် တံတား ၁ မှာလဲ(MACCS) စနစ်ကို စတင်လုပ်ကိုင်မှာဖြစ်ပါတယ်။ တံတား ၂ ကို ၂ဝ၁၈ မှာဖွင့်မယ်ပြောထားတာကြောင့် MACCS စနစ်က အရင်လာမှာလား တံတား ၂ ကဖွင့်မှာလား မသိသေးတာကြောင့် နှစ်နေရာလုံးမှာ MACCS စနစ်စတင်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။လို့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။ (MACCS) Myanmar Automated Corgo Clearnace System မြန်မာ အလိုအလျှောက်ကုန်စည်ရှင်းလင်းရေး စနစ်ကို ဂျပန်နိုင်ငံအစိုးရ၏ဂျပန်ယန်း၃၉၉ဝသန်းဖြင့် ပြီးခဲ့တဲ့ ၂ဝ၁၆ နိုဝင်ဘာလ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းသီလဝါအထူးစီးပွားရေးဇုန်အပါအဝင်နေရာ ၁၄ခုတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြဝတီ နယ်စပ်ကုန်သွယ်ရေး ကို (MACCS) စနစ်စတင်ကျင့်သုံးပြီးပါကကုန်သွယ်မူပမာဏအများဆုံးဖြစ်သည့် မှုဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းကို (MACCS) စနစ်ဖြင့်ထပ်မံကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်

ကြောင်းသိရသည်။ (MACCS) စနစ်ကို ကုန်သွယ်မှု လျှင်မြန်လွယ်ကူစေရေးအတွက် အဓိက ရေးဆွဲထားခြင်းဖြစ်ပြီးဝန်ထမ်းများ၏ လုပ်ငန်းမကျွမ်းကျင်မူ အင်တာနက် မြန်နှုန်းမကောင်းမူတို့ကြောင့် ရန်ကုန်မြို့တွင်းဧရိယာအတွင်း စတင်ကျင့်သုံးခဲ့စဉ်က အကောင်ခွန်လုပ်ငန်းဆောင်ရွက်မှုများကြန့်ကြာမူရှိခဲ့ သဖြင့်ဝေဖန်မူများရှိခဲ့သည်။

ခေတ်သစ်

Photo Credit

Author