ခရီးသည်တင်ယာဉ်များ စီမံကြီးကြပ်ရသည့် မထသ ကို စက်တင်ဘာ ၁၅ ရက်နေ့တွင် အပြီးဖျက်သိမ်းသွားမည်

0

Full article

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရီးသည်ယာဉ်များအား ကိုင်တွယ်ကြီးကြပ်ရသည့် မထသ အဖွဲ့အစည်းကို စက်တင်ဘာ ၁၅ရက်နေ့တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ခရီးသည်တင်ယာဉ်များကြီးကြပ်ရသည့် မထသအဖွဲ့အစည်းကိုဖျက်သိမ်းပြီးနောက် လုပ်ငန်းများကို သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ ကိုင်တွယ်မည်ဖြစ်ရာ ကော်မတီများဖွဲ့စည်းဆောင်ရွက်လုပ်ကိုင်မည်ဖြစ်သည်။

ခရီးသည်တင်လိုင်ကားတွေကို ကိုင်တွယ်နေတဲ့ မထသအဖွဲ့အား စက်တင်ဘာလမှာ အပြီးဖျက်သိမ်းသွားမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေကို ကော်မတီတွေဖွဲ့ပြီးဆောင်ရွက်သွားမှာဖြစ်သလို စည်းကမ်းချိုးဖောက်တဲ့ ကားတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမှာပါ ဟုသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံကြီးကြပ်မှုကော်မတီ(မထသ) ကို ၁၉၆၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မထသဗဟိုကို ၂ဝဝ၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ခေတ်သစ်

Author