Full article ခရီးသည်တင် ယာဉ်လိုင်းများကို စီမံကွပ်ကဲရာ၌ မထသ အဖွဲ့အစည်းကဲ့သို့ စနစ်မျိုးအားထားရှိမည် မဟုတ်ပဲ ယာဉ်လိုင်းများအားကြီးကြပ်နိုင်သည့် ကုမ္ပဏီ ကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းမျိုး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။ မထသကို ဖျက်သိမ်းမယ်လို့ ဝန်းကြီးချုပ်က မပြောထားပါဘူး။ ယာဉ်လိုင်းတွေကို ကိုင်တွယ်တဲ့အခါ မထသက အာဏာမရှိတဲ့အတွက် သယ်ယူပို့ဆောင်ရေးကိုကိုင်တွယ်မယ့် အာဏာပိုင် အဖွဲ့အစည်းကို ဖွဲ့စည်းသွားမှာပါ။ မထသနေရာမှာ ဝင်ရောက်မယ့် အာဏာပိုင်အဖွဲ့အစည်း သဘောမျိုးပေါ့ ဟု ဇွန်လ ၁၈ နေ့တွင်ကျင်းပပြုလုပ်ခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ယာဉ်လိုင်းများနှင့် သက်ဆိုင်သည့် အစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မထသ အဖွဲ့မှ ခရီးသည်တင်ယာဉ်လိုင်းများ စီမံကွပ်ကပ်မှူအားနည်းနေသည့်အတွက် အရေးယူဆောင်ရွက်နိုင်မည့် သယ်ယူပို့ဆောင်ရေးအဏာပိုင်အဖွဲ့အစည်းအစားထိုးခြင်းဖြစ်သည်။ ခေတ်သစ် Share this! FACEBOOK TWITTER
Previous Latest News Jun 21, 2016 Car and Gas Prices, Exchange Rates for 20.6.2016 စလစ်နှင့် စက်သုံးဆီ၊ ငွေဈေးနှုန်းများ
Next Latest News Jun 22, 2016 ကားအစီးရေ ၂ဝဝဝ ကျော် ရပ်နားနိုင်မည့် ကားပါကင်ကို ရန်ကုန်မြို့ မီးရထားပိုင် မြေနေရာတွင် တည်ဆောက်သွားရန်ရှိ