မထသ လက်ထက်က ပေးရန်ကျန်နေသည့် ငွေများ ပြန်မပေးပါက ဆန္ဒဖော်ထုတ်သွားမည်

0

Full article

![width=300](/redline/content/images/2017/05/brtb-e1495418317325-300x170.jpg)

ယခင် ခရီးသည်တင်ယာဉ်လိုင်းများကို စီမံကြီးကြပ်ခဲ့သည့်မထသ လက်ထက်က ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ပေးရန်ကျန်ရှိနေသည့် သုံးလစာ ဖွံ့ဖြိုး ရေးငွေအား မရရှိပါက ဆန္ဒထုတ်ဖော် သွားမှာဖြစ်တယ်လို့ သိရပါတယ်။မထသ လက်ထက်တွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက်ဟုဆိုကာ ယာဉ်တစ်ကြိမ်ထွက်လျှင် ကျပ် ၈ဝဝ ကောက်ခံခြင်းဖြစ်ပြီး အဆိုပါ ငွေများကို စုပေါင်းကာ ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ခြောက်လ တစ်ကြိမ် ဖွံ့ဖြိုးရေးငွေအဖြစ် ပြန်လည်ခွဲဝေပေး သည့် ငွေကြေးဖြစ်ပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများအား မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲလိုက်သည့် အတွက် သုံးလစာရရှိရန် ကျန်ရှိနေခြင်းဖြစ်ရာတောင်းဆိုမှုများ ပြုလုပ်လာခြင်း ဖြစ်ပါတယ်။ " ကျွန်တော်တို့ ရှာထားတဲ့ ငွေတွေနဲ့ မထသ ဝန်ထမ်းတွေကိုတော့ ဆက်မလုပ်ချင်တဲ့ သူတွေ သိန်း နှစ်ဆယ်တို့ ဆယ့်ရှစ်သိန်းတို့ ပေးတယ်။ ကျွန်တော်တို့ကို ပေးဖို့ကျန်တာတွေ မပေးဘဲ ဒီငွေတွေ ဘ ယ် ရောက်ကုန်တာလဲ။ ဒီနေ့ တွေ့ဆုံခဲ့တဲ့ နေရာမှာလည်း လာမယ့် အပတ်တနင်္လာနေ့မှ သူတို့က စစ် ရင်းတွေ စစ်မယ်၊ ကြာသပတေးနေ့ မတိုင်ခင်လောက်မှ ပိုက်ဆံရ မရသိရမယ်။ ဆန္ဒပြဖို့တွေအထိ လုပ်ဆောင်တာတွေရှိတယ်" လို့ YRTA တာဝန်ရှိသူများနှင့် လာရောဆွေးနွေးသည့် YBS (၇) ယာဉ်မောင်း ဦးမြင့်သိန်း ထွန်းက ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေးငွေများ ပြန်လည်ရရှိရေးအတွက် ယာဉ်မောင်း ယာဉ်နောက်လိုက်ကိုယ်စား ယာဉ် မောင်း ဦးမြင့်သိန်းထွန်းနှင့် ဦးကြည်စိုးတို့မှ အများပိုင် ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်နှင့် တွေ့ဆုံပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ခေတ်သစ်

Photo Credit

Author