Full article

စည်းကမ်းမဲ့ ယာဉ်လုပ်သားများအား တိုင်ကြားရာတွင် တိုင်ကြား သူက လိပ်စာအတိအကျ ပြည့်စုံစွာ ဆက်သွယ် တိုင်ကြားပါက ၎င်းတို့အပေါ် အရေးယူမှုပုံစံအား မထသ (ဗဟို)မှ ပြန်လည်ဖြေကြား ပေးသွားမည် ဖြစ်ကြောင်း 'မထသ (ဗဟို)'မှ သိရသည်။

Ma-Hta-Tha

ယင်းကဲ့သို့ တိုင်ကြားမှုများ နှင့်ပတ်သက်၍ ကော်မတီဖွဲ့ကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ ယခု နှစ် ဇန်နဝါရီလမှ စတင်ကာ ယာဉ်လုပ် သားများအား အရေးယူခဲ့သည့် အခြေအနေအပေါ် တိုင်ကြားသူထံ ပြန်လည် အကြောင်းပြန်ပေးမည်ဟု သိရသည်။ "စည်းကမ်းမဲ့ ယာဉ်လုပ်သား တိုင်ကြားမှုတွေကို ကျွန်တော်တို့ ဘယ်လို အရေးယူဆောင်ရွက်ထား တယ်ဆိုတာ ဇန်နဝါရီလကစပြီး တိုင်ကြားသူတွေဆီ အကြောင်းပြန်ကြားပေးပါတယ်၊ အခုဆိုရင် တိုင်ကြားခံရတဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေကို အကြောင်း ကြားထားပြီး တချို့ကိုတော့အရေး ယူဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလိုမျိုး အရေးယူမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေဆီ အကြောင်းပြန်ကြားနိုင်အောင် အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ မှန်ကန်အောင် ဖော်ပြပေးဖို့ လိုပါတယ်"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအ တွင်း မထသ(ဗဟို)ယာဉ်ဝန်ထမ်း တိုင်ကြားစာ ၈၄ စောင်အထိရှိပြီး အများဆုံးမှာ ယာဉ်စီးခ ပိုမို တောင်းခံသည့် တိုင်ကြားစာ ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုတောင်းခံရခြင်းသည် ညအချိန် တရားမဝင်ပြေးဆွဲသည့် မော်တော်ယာဉ် (ကြားကား)များကြောင့်ဖြစ်ပြီး ကြားကားများမှ ယာဉ်စီးခတောင်းခံမှု များပြားသည့်အတွက် မထသကွပ်ကဲမှု လက်အောက်ရှိ မော်တော်ယာဉ်များမှာလည်း ယင်းကားများကဲ့သို့ ယာဉ်စီးခ တိုးမြှင့်ကောက်ခံရာမှ ယခုကဲ့သို့ တိုင်ကြားမှုများ ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author