လက်ရှိ လူသိများသော Bugatti အမျိုးအစား ၃ မျိုးရှိပါသည်။ Bugatti Veyron 16.4 2010, Bugatti Grand Sport 2010 နဲ့ Bugatti Super Sport 2011 ဆိုပြီးတော့ပါ။
Bugatti Veyron 16.4 2010
၂ဝဝ၅ မှာ ကမ္ဘာကိုစတင်မိတ်ဆက်ခဲ့တဲ့ Bugatti Veyron EB 16.4 ဟာ သမိုင်းဝင်ကားတစ်စီးဖြစ်ခဲ့ပါတယ်။ သူ့ယခင်အခါတုံးက Production Car Speed အမြန်ဆုံးစံချိန်ကို McLaren F1 က ယူထားခဲ့တာပါ။ သို့သော် ကမ္ဘာ့အမြန်ဆုံးကားလဲဖြစ်ရမယ်၊လမ်းပေါ်မှာလဲမောင်းလို့ကောင်းတဲ့ကားတစ်စီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ Bugatti အင်ဂျင်နီယာတွေကြောင့် တစ်နာရီလျှင် ၂၅၃မိုင်ခန့်မောင်းနိုင်တဲ့ ယခုလိုအင်ဂျင်ပါဝါကလဲအင်မတန်မြင့်မား၊ နေ့တိုင်းစီးနိုင်တဲ့ကားတစ်စီးလဲဖြစ်သည့် Bugatti Veyron ကိုဈေးကွက်ကိုမိတ်ဆက်နိုင်ခဲ့ပြီး ကျွန်တော်တို့ယနေ့မြင်နေရတဲ့ အခြား Super Cars တွေလဲ သူ့နောက်ကနေလိုက်ထွက်လာခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များ —
လက်ရှိရောင်းဈေး(ဒေါ်လာ): $ 1,700,000
အင်ဂျင်: 8.0L W16 T
ဂီယာ: 7-Speed Auto
ဘော်ဒီစတိုင်: Coupe
၆ဝမိုင်နှုန်းကိုရောက်ဖို့ကြာချိန်: 2.7 seconds
အမြန်ဆုံး speed: 253 mph
Bugatti Grand Sport 2010
Grand Sport ကတော့ ရှင်းပါတယ်၊ Veyron ကိုအမိုးဖြုတ်လိုက်တဲ့ Convertible ပုံစံကားပါ။ အမိုးဖွင့်လိုက်တဲ့အတွက် အင်မတန်မြန်တဲ့ Bugatti ရဲ့ ကားအရသာကို ခံစားနိုင်ပါလိမ့်မယ်။ပြီးတော့ Cylinder ၁၆လုံး၊ Turbocharger လေးလုံးပါတဲ့ ပြင်းထန်ကျယ်လောင်တဲ့ကားရဲ့ အသံကြီးကို ကြားနိုင်ပါမယ်။ ကမ္ဘာ့အကောင်းဆုံးကားတွေထဲမှာပါနေပြီးဖြစ်တဲ့ Veyron ကိုပဲ အမိုးဖြုတ်လိုက်တဲ့ဒီ Grand Sport ကို Base နဲ့ Vitesse ဆိုပြီးနှစ်မျိုးထုတ်ထားပါတယ်။
အသေးစိတ်အချက်အလက်များ —
Base Version
လက်ရှိရောင်းဈေး(ဒေါ်လာ): $ 1,990,000
အင်ဂျင်: 8.0L W16 T
ဂီယာ: 7-Speed Auto
ဘော်ဒီစတိုင်: Convertible
၆ဝမိုင်နှုန်းကိုရောက်ဖို့ကြာချိန်: 2.7 seconds
အမြန်ဆုံး speed: 253 mph
Vitesse Version
လက်ရှိရောင်းဈေး(ဒေါ်လာ): $ 2,500,000
အင်ဂျင်: 8.0L W16 T
ဂီယာ: 7-Speed Auto
ဘော်ဒီစတိုင်: Convertible
၆ဝမိုင်နှုန်းကိုရောက်ဖို့ကြာချိန်: 2.5 seconds
အမြန်ဆုံး speed: 258 mph
Bugatti Super Sport 2011
နောက်ဆုံး Bugatti၊ ဈေးအကြီးဆုံးမော်ဒယ်ကတော့ Bugatti Super Sport လို့ခေါ်ပါတယ်။ ၂ဝ၁၁မှာစထုတ်တာပါ။ ကမ္ဘာ့အမြန်ဆုံးဆုရထားပါတယ်။ အင်ဂျင်ကို ပါဝါပိုမြှင့်ထားပြီး body ကိုလဲ aerodynamic သဘောအရ ပိုပြီးပြေပြစ်အောင်လုပ်ထားတဲ့အတွက် အရမ်းမြန်ပါတယ်။ Super Sport ကားကတော့ Everyday ကားမဟုတ်တော့ပါဘူး၊ ကမ္ဘာ့အကောင်းဆုံးအမြန်ဆုံးသာစီးချင်တဲ့လူတွေအတွက်သာရည်ရွယ်ပါတယ်။ စထုတ်ကတည်းက အစီး ၃ဝ သာထုတ်ထားပြီး ကျွန်တော်တို့ အပြင်မှာမြင်ဖူးရင်တောင်ကံကောင်းမှာပါ။
အသေးစိတ်အချက်အလက်များ —
လက်ရှိရောင်းဈေး(ဒေါ်လာ): $ 2,250,880
အင်ဂျင်: 8.0L W16 T
ဂီယာ: 8-Speed Auto
ဘော်ဒီစတိုင်: Coupe
၆ဝမိုင်နှုန်းကိုရောက်ဖို့ကြာချိန်: 2.2 seconds
အမြန်ဆုံး speed: 267 mph
(Qatar တွင်တွေ့ရသည့် Transformers ရုပ်ရှင်ထဲမှ BumbleBee ကားနဲ့ဆင်သည့် Bugatti ကား )
============
ရန်ကုန်မှာတွေ့တဲ့ကားကတော့ Bugatti Veyron 16.4 2010 ဟုကြားသိရပါသည်။
Bugatti ချစ်သူများအားလုံး Computer မှာ Wallpaper ထားချင်ရင်တော့ဟောဒီလင့်ခ်ကနေသွားပြီးdownload လုပ်နိုင်ပါတယ်။