Full article

မော်တော်ယာဉ်များ၌ LPG စနစ်တပ်ဆင်အသုံးပြုသည့် နည်းပညာအရည်အသွေး မြင့်မားရန်အမေရိကန်မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGe)နှင့်ပူးပေါင်း ၍ သင်တန်းလာရောက်ပို့ချမည် ဖြစ်ကြောင်း 'Powertek Engineering Group' မှ သတင်း ရရှိသည်။

ENGEN-Service-Station

အဆိုပါသင်တန်းကို မြန်မာ့ရေနံနှင့်ဓာတုဗေဒသင်တန်းကျောင်းတွင် ပို့ချမည်ဖြစ်ပြီး အမေရိကန်မှ LPG နည်းပညာကျွမ်းကျင် ပညာရှင်ဆရာမင်းဇော်မွန်နှင့် နိုင်ငံခြားသား ပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ "သင်တန်းကို အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ လာသင်ပေးမှာပါ၊ ထပ်ပြီးတော့လည်း သင်တန်း အပြင် MOGE နဲ့ပူးပေါင်းပြီး LPG အသုံးပြုရာမှာ လိုအပ်တဲ့ Rule & Regulation တွေ ရေးဆွဲဖို့ရှိတယ်၊ MOGE ဘက်ကလည်း ပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းဆိုတဲ့ အတွက် ကူညီထောက်ပံ့ပေးမယ်လို့ ပြောပါတယ်" ဟု Powertek Engineering Group မန်နေဂျင်း ဒါရိုက်တာဦးနေဝင်းက ပြောသည်။ အမေရိကန်တွင် အသုံးပြုလျက် ရှိသည့် နိုင်ငံတကာအဆင့်မီ MOGE ဆက်စပ်ပစ္စည်းများကို Powertek Engineering Group မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး အဆိုပါကုမ္ပဏီနှင့် MOGE ပူးပေါင်း ဖွင့်လှစ်မည့် LPG အသုံးပြုမှု နည်းပညာသင်တန်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည် တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်အကူများအပြင် ဌာနဆိုင်ရာမှ စိတ်ဝင်စားသူ တိုင်း တက်ရောက်နိုင်ပြီး အချက်အလက်များကို မြန်မာ့ရေနံ နှင့် ဓာတုဗေဒ သင်တန်းကျောင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Ref ; Automobile

Author