Full article

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု ဖြစ်သည့် Asia World ၊ ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar တို့တွင် CNG သဘာဝဓာတ်ငွေ့အစားထိုး LPG ဓာတ်ငွေ့ ရည်များ ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း 'Powertek Engineering Group'မှ သတင်းရရှိသည်။

LPG

Asia World ၊ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar ကုမ္ပဏီများမှ ဖွင့်လှစ်ရောင်းချ လျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များတွင် LPG ဓာတ်ငွေ့ရည်များ ရောင်းချ သွားမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ "အခု ပြည်တွင်းမှာ ရောင်းချနေတဲ့ LPG လောင်စာက ကားမောင်းရာမှာ သုံးတာမဟုတ်ဘဲ ဟင်းချက် ရာမှာ သုံးတဲ့ အရည်အသွေး ဖြစ်နေပါတယ်၊ ဒါကြောင့် LPG ဓာတ်ငွေ့က အဆင်မပြေ ဖြစ်နေတယ်၊ အဓိက ကားတွေအတွက် သီးသန့် LPG ရောင်းရမှာပါ၊ အဲဒါကြောင့် အရည် အသွေးပြည့်ပြီး မောင်းတဲ့အခါမှာ အဆင်ပြေမှုရှိအောင် ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးကောင်းတဲ့ LPG ရရှိနိုင်အောင် ဆောင်ရွက်သွားမှာပါ"ဟု Powertek Engineering Group မှ မန်နေဂျင်းဒါရိုက်တာ ဦးနေဝင်းက ပြောသည်။ ပြည်တွင်း၌ LPG ဓာတ်ငွေ့ကို တစ်လီတာလျှင် ကျပ် ၆၅ဝ မှ ခုနစ်ရာနှုန်းကြားဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

Ref : Automobile

Author