မိုဒယ်နိမ့်ကားများ နယ်နှင်ရန် မဆွေးနွေးထားဘဲ နယ်တက္ကစီကားများကိုသာ စိစစ်မှုလုပ်ရန်ရှိ

0

Full article

ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော ၂ဝဝဝ မိုဒယ် အောက်ကားများနှင့် မိုဒယ်နိမ့်ကားများကို နယ်နှင်ရန် ဆွေးနွေးထားမှုမရှိဘဲ နယ်တက္ကစီများကိုသာ စိစစ်မှုပြုလုပ်သွားရန်ရှိကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

ကားဈေးကွက်တွင် မိုဒယ်နိမ့်ကားများ နယ်နှင်မည်ဟု သတင်းများထွက်ပေါ်နေလျှက်ရှိသဖြင့် မိုဒယ်နိမ့်ကားဝယ်ယူထားသူများမှာလည်း လက်ထဲရှိကားများကို ပြန်လည်ရောင်းချရန်ရှိနေကြောင်း သိရသည်။

"မို်ဒယ်နိမ့်ကားတွေနယ်နှင်မယ်ဆိုတဲ့သတင်းက မဟုတ်ပါဘူး။ အဲ့ဒီကိစ္စဆွေးနွေးထားတာလည်း မရှိပါဘူး။ တက္ကစီ တွေကိုတော့ စနစ်တကျဖြစ်အောင် စိစစ်ဖို့တော့ရှိပါတယ် "ဟုရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းယာဉ်ကြောကြပ်တည်းမှုကို အဓိကထားလုပ်ဆောင်နေရာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ထိရောက်စွာ အရေးယူသွားရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တွင် မောင်းနှင်နေသည့် တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ပြီးပါက စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင် ပြုလုပ်ထားသော မော်တော်ယာဉ်များကို မြန်မာတစ်ပြည်လုံးတွင် မောင်းနှင်ခွင့်ရှိသည်ဟု ရေးသားဖော်ပြထားသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြေးဆွဲမှု များကို ကန့်သတ်မှုများ လုပ်ဆောင်၍ ရနိုင်ကြောင်း သိရပါသည်။

Author