Full article

Grade အနိမ့် HIACE ကဲ့သို့သော ချောပို့နောက်ခန်း အလုံပိတ်ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း ၁၃ ရာခိုင်နှုန်းဖြင့်အခွန်ကောက်ခံရန် စီစဉ်ထားကြောင်း 'စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန'မှ သိရသည်။

Toyota_Hiace_100_long_van_001

ထိုကားများသည် အခြားနိုင်ငံများ၌ DHL ချောပို့ကားများအဖြစ် အသုံးပြုနေပြီး မြန်မာနိုင်ငံသို့ တင်သွင်းပါက လုပ်ငန်းသုံးယာဉ်များ ကောက်ခံသည့် အခွန်နှုန်းအတိုင်းသာ ကောက်ခံမည် ဖြစ်သည်။ "Grade အနိမ့် HIACE Van နဲ့ Super Custom Commuter ကားလိုမျိုး နောက်ခန်းအလုံပိတ် ကားတွေကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန် ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ဒီကားတွေက အနောက်ခန်းမှာ မှန်မပါဘဲ အလုံပိတ်ဖြစ်သလို ဇိမ်ခံကားမဟုတ်တဲ့အတွက် လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါ တယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ချောပို့အနောက်ခန်း အလုံပိတ်ကားများသည် မြန်မာနိုင်ငံ၌ အသုံး ပြုမှု နည်းပါးပြီး HIACE Van ကားများသည် ၂ဝဝ၄ မိုဒယ် အထက်မှ စတင်ထုတ်လုပ်ခဲ့ပြီး အခွန် သက်သာလာသောကြောင့် ဈေးကွက်ဝယ်လိုအား မြင့်တက်လာဖွယ် ရှိ နေသည်။ ထိုကားများသည် ကုန်စည် အပေါ့စားများ သယ်ယူခြင်းအတွက် အသုံးဝင်သောကြောင့် ကုမ္ပဏီများ ဝယ်ယူအသုံးပြုလာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ပြောပြခဲ့သည်။

Ref: Automobile

Author