Full article

၂ဝ၁၄ ခုနှစ်အတွက် (2000)မော်ဒယ်မှစ၍ဖိုးဝှီးကားများတင်သွင်းခွင့်ရထားပြီးမြန်မာပြည်အကြိုက်မှာ(99)မော် ဒယ် Hilux Surf,Parado နှင့် Landcruiser ကားများဖြစ်ကြောင်း ဖိုးဝှီးကားများသာသီးသန့်တင်သွင်းရောင်းချသည့် Sale Centre ပိုင်ရှင်တစ်ဦးကပြောပြခဲ့သည်။

(2000)မော်ဒယ်မှစ၍ တင်သွင်းရမည်ဟုဆိုသော်လည်း ဒဏ်ကြေးပေးဆောင်ကာ (99)မော်ဒယ်ကဲ့သို့ ကားများ တင်သွင်းမှုရှိခဲ့ပြီး ၉ လပိုင်းမှစတင်ကာ တစ်နှစ်အောက်တင်သွင်းပါက ဒဏ်ကြေးမြင့်မားစွာဆောင်ရမည်ဖြစ်သဖြင့် (2000)မော်ဒယ်ကိုသာ မဖြစ်မနေတင်သွင်းလာရဖွယ်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်ကရှင်းပြခဲ့သည်။

99 နှင့် 2000 မော်ဒယ် ဖိုးဝှီးများဖြစ်သော Surf,Parado နှင့် Landcruiser များမှာ ရုပ်တူ၊အင်ဂျင်တူ၊အောက်ပိုင်း ပစ္စည်းများတူညီသေးသဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ၂ဝဝဝ မော်ဒယ်တင်သွင်းရသော်လည်း အကြိုက်များနိုင်သေးကြောင်းသိ ရသည်။ ၂ဝ၁၅ တွင် 2003 မော်ဒယ်မှစသွင်းရပါက မြန်မာပြည်အကြိုက်မဟုတ်သဖြင့် ရောက်ရှိပြီးသား မော်ဒယ်နိမ့်ကား များမှာ ဈေးမြောက်လာနိုင်ကြောင်းသုံးသပ်ပြသည်။

99 မော်ဒယ်ကဲ့သို့ ဖိုးဝှီးကားများမှာ 1HD-FT ရိုးရိုးဒီဇယ်အင်ဂျင်ဖြစ်ပြီး 2011 နှင့်အထက်များမှာ Common Rail Disel Engine (EFI) ဖြစ်သွားသဖြင့် လူကြိုက်နည်းကြောင်းသိရသည်။မော်ဒယ်နိမ့်ကားများတွင် ရိုးရှင်းလွယ်ကူပြီးပြင်ဆင် စားရိတ်နှင့် ပစ္စည်းဈေးသက်သာခြင်းကြောင့် အကြိုက်များကာ မော်ဒယ်မြင့်ကားများတွင် ကွန်ပြူတာထိန်းချုပ်စနစ်များ ပါ လာ၍ ပြင်ဆင်စားရိတ်ကြီးမားမှု၊ ပစ္စည်းဈေးကြီးမြင့်မှုကြောင့် အကြိုက်နည်းခြင်းဖြစ်ကြောင်း စက်မှုအင်ဂျင်နီယာတစ်ဦးက ရှင်းပြခဲ့သည်။

Credit: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author