Full article

ဖိုးဝှီးကားအမျိုးအစားများဖြစ်သော Prado, Surf နှင့် Suzuki Bighorn ၃ မျိုးအား ၂ဝဝဝ မော်ဒယ်နှင့် အောက်ကားများကို လေလံတွင်စုပြုံဝယ်ထားကာ ၂ဝ၁၅ ခုနှစ် မတိုင်ခင် တင်သွင်းရန်ဖြစ်ကြောင်း ဖိုးဝှီးကား များကိုသာ သီးသန့်ရောင်းချသော Showroom ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ပြည်တွင်း၌ဖိုးဝှီးဆိုပါက ၂ဝဝဝ မော်ဒယ်အောက်ကားများသာအကြိုက်များ၍ လာမည့် ၂ဝ၁၅ တွင် စလစ်ကပ်အတွက် ၂ဝဝ၃ မော်ဒယ်များသာတင်သွင်းရမည်ကိုစိုးရိမ်သဖြင့် ကြိုတင်ဝယ်ယူထားကြခြင်းဖြစ် ကြောင်းသိရသည်။ ယခုနှစ်အတွင်း ၂ဝဝဝ မော်ဒယ်နှင့်အောက်ကားများကို တင်သွင်းထားပြီး ၂ဝ၁၅ တွင် ၂ဝဝ၃ မော်ဒယ်ကိုသာ တင်သွင်းခွင့်ရပါက သွင်းပြီးသားကားများမှာ ဈေးတက်လာဖွယ်ရှိကြောင်းလည်း သုံး သပ်ပြသည်။

ယခု ၂ဝ၁၄ ခုနှစ်အတွင်း၌ပင် တင်သွင်းရမည့် မော်ဒယ်အား ၂ဝဝဝ သတ်မှတ်ထားသော်လည်း တစ် နှစ်အောက် ၉၉ မော်ဒယ် ဖိုးဝှီးကားများကို ဒဏ်ကြေးဆောင်၍ တင်သွင်းမှုများပင်ရှိနေကြောင်း သိရသည်။ အောက်တိုဘာလမှစတင်သော တစ်နှစ်အောက်မော်ဒယ်ကားများကို ဒဏ်ကြေးကောက်ခံမှုတွင် CIF တန်ဖိုး လေးပုံတစ်ပုံ ပေးဆောင်ရသည်ဟုဆိုသော်လည်း ဖိုးဝှီးကားများတင်သွင်းလာခြင်းရှိကြောင်း သိရသည်။

Rrf: Auto World Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Author