Full article

ခရီးသည်၏ အိမ်ရှေ့(သို့) အိမ်နီးဝင်းကျင်အရောက် ဈေးနှုန်းသက်သာပြီး ၉ဝ% အသက်အန္တရာယ်  ကင်းစွာဖြင့် ကြို/ပို့ ပေးမည့် မြို့တွင်းခရီးသွားဝန်ဆောင်မှု _Taxi Company_ထူထောင်ရန် နိုင်ငံတော်အစိုးရထံ သို့တင်ပြထားကြောင်း စွန့်ဦးသူများအဖွဲ့၏ ကိုယ်စားဦးဆောင်သူတစ်ဦးဖြစ်သူ 'မေမေ ဖေဖေ မိသားစု ပြည်သူ့ အကျိုးပြုဝန်ဆောင်မှုကုမ္ပဏီလိမိတက်' မှ ဦးဝင်းဆွေဦးက သြဂုတ်လ ၃ဝ ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ်၍  ပြောကြားခဲ့သည်။

ခရီးသည်အား _Taxi_ရှာဖွေမှုမဟုတ်ဘဲ ခရီးသည်မှ _Taxi_အား ဖုန်းဆက်၍ခေါ်ယူနိုင်သော ဝန်ဆောင်မှု မျိုးဖြင့် _Taxi Company_ထူထောင်ရန်ဖြစ်ကြောင်း သိရသည်။မြို့တွင်းသွားလာမှုများတွင် ယာဉ်ကြောကျပ် တည်းမှု များလာခြင်းကြောင့် လမ်းပေါ်တွင် _Texi_ယာဉ်များသွားလာခြင်းပြုမည်မဟုတ်ဘဲ ခရီးသည်၏လိုအပ် ချက်ရှိမှသာ သွားရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

_Texi_အစီးရေ ၇ဝဝ ဖြင့် ပြေးဆွဲရန်ရာထားပြီး ရင်းနှီးမြှုပ်နှံရန်အတွက် ကျပ်ငွေသိန်း ၃ဝဝဝ လျာထား ကာ မိသားစုဝင်ငွေ လစဉ်ကျပ်နှစ်သိန်းအထက်ရရှိစေမည့် ရေရှည်တည်မြဲသော အလုပ်အကိုင်အခွင့်အလမ်း များပါ တစ်ပါတည်းရရှိစေမည်ဖြစ်ကြောင်း ဦးဝင်းဆွေဦးက ရှင်းလင်းပြောကြားခဲ့သည်။

_Business Master Plan_များကိုအကောင်အထည်ဖော်ရန် နိုင်ငံတော်မှ ပံ့ပိုပေးရန်အတွက် သြဂုတ်လ ၁၈ ရက်နှင့် ၂၁ ရက်နေ့များတွင် ဝန်ကြီးများသို့တင်ပြခဲ့သော်လည်း အကြောင်းမပြန်သေးသဖြင့် ရှင်းလင်းပွဲပြု လုပ်၍ ပြောကြားရခြင်းဖြစ်ကြောင်းသိရသည်။

ကောင်းမွန်သောနည်းဗျူဟာဖြစ်သောကြောင့်မူပိုင်ခွင့်ရယူနိုင်ရန် မျှော်လင့်ထားပြီး ယာဉ်ဟောင်းပိုင်ရှင် များမှ ယာဉ်သစ်လဲလှယ်ကာ မောင်းနှင်နိုင်စေရန်အတွက် ရည်ရွယ်ထားကြောင်းသိရသည်။ခွင့်ပြုချက်ရရှိပါက ၇ လတွင်းအကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကာဒေတာအချက်အလက်များရယူစုဆောင်းထားပြီးအဓိကအချက် အားဖြင့် မြို့တွင်းခရီးသွားဝန်ဆောင်မှု _Texi Company_ထူထောင်ရာတွင် လမ်းပေါ်တွင် _Texi_ယာဉ်များမရှိဘဲ နေရာဒေသအလိုက် _Texi_ယာဉ်များရပ်နားထားကာ ခရီးသည်မှဖုန်းဆက်ခေါ်ယူလျင် မိနစ် ၃ဝ မှ ၄၅ မိနစ်အ တွင်း ရောက်ရှိဝင်ဆောင်မှုပေးနိုင်သော _Master Plan_ဖြစ်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author