အောက်တိုဘာလကုန်ပိုင်းတွင် ၂ဝ၁၅ ခုနှစ်အတွက် CIF တန်ဖိုးအသစ်များ ထုတ်ပြန်မည်ဟု သတင်း ထွက်ရှိခြင်းကြောင့်လည်း စောင့်ကြည့်နေကာ အဝယ်အေးနေကြောင်း ကားလေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။ CIF တန်ဖိုးများထုတ်ပြန်ပြီးပါက နှစ်ကုန်ပိုင်းသို့ရောက်ရှိကာ အခွန်များလည်းလျှော့ပေါ့မည်မ ဟုတ်တော့ဘဲ တစ်ပြေးညီကောက်ခံတော့မည်ဖြစ်သဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင် စလစ်ကပ်ကားအ များအပြားဝယ်ယူသည့် ဈေးကွက်ဖြစ်လာဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။
CIF တန်ဖိုးအသစ်ထွက်ပါက ယခုနှစ် CIF တန်ဖိုးများနှင့် နှိုင်းယှဉ်ပြီး ဈေးကွက်တွင်းရောင်းချရန် အော် ဒါများတက်လာနိုင်ဖွယ်ရှိကြောင်း လေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင်တင် သွင်းရမည့် မော်ဒယ်ကိုလည်း နှစ်တိုးမြင့်မည်ဟု သတင်းထွက်ပေါ်နေရာ တိကျစွာထုတ်ပြန်ပြီးပါကလည်း Free Permit ဖြင့် တင်သွင်းရမည့်အမျိုးအစားကားများ စုပြုံမှာယူနိုင်ကြောင်းပြောပြခဲ့သည်။
Ref: Auto World Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။