Full article

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အငှားယာဉ်တင်သွင်းခွင့်ပါမစ်များ ချထားပေးမည်မဟုတ်သော် လည်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ လုပ်ငန်းလိုင်စင်များ ပုံမှန်အတိုင်းချထားပေးမည်ဖြစ်ကြောင်း ပစန တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုနှင့် အငှားယာဉ်အစီးရေများပြားနေ သည့်အတွက် ပါမစ်များကို ချထားပေးတော့မည်မဟုတ်သော်လည်း အငှားယာဉ်အပ်ပြီး ပြန်လည်တင်သွင်း သော ကားများ၊ နံပါတ်အနက်မှ အနီပြောင်းပြီး အငှားယာဉ်ပြုလုပ်သောကားများကို လုပ်ငန်းလိုင်စင်များ ဆက် လက်ချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

နံပါတ်အနက်မှ နံပါတ်အနီပြုလုပ်ရာတွင် ပစနမှ လုပ်ငန်းလိုင်စင်ပြုလုပ်ပြီးပါက ကညနထံ ယာဉ်စစ် ဆေးမှု ခံယူရမည်ဖြစ်သည်။ ထိုသို့နံပါတ်အနက်မှအနီပြောင်းလဲပါက သုံးရက်ခန့်ကြာမြင့်မည်ဖြစ်ပြီး ကျပ်တစ် သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း မော်တော်ကားအရောင်းစင်တာများမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အပ်နှံမှု အစီးရေ ၅၉၈၂ စီးရှိကြောင်း မြင်သာ ကညန ရုံး ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစာရင်းများအရသိရသည်။

Ref: Auto Mobile Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Author