အဆိုပါ CHEVROLET Brand New ကားအရောင်းပြခန်းသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများ၌ အကြီးဆုံး 3S (Sale, Service & Spare Parts) Showroom တစ်ခုဖြစ်ပြီး CHEVROLET မှ Sedan အမျိုးအစား Cruze ၊ အလတ်တန်းစား Pick-up Truck ဖြစ်သော Colorado ၊ SUV အမျိုးအစား Trailblazer တို့နှင့် နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သော Spin ကားအမျိုးအစားများကို ရောင်းချပေးသွားမည်ဖြစ် သည်။
"အခုဖွင့်တဲ့ကားအရောင်းပြခန်းဟာ ရန်ကုန်မှာ အကြီးဆုံးဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း အကြီး ဆုံးဖြစ်ပါတယ်၊ CHEVROLET ကားတွေဟာ မြန်မာနိုင်ငံနဲ့ ဟိုးအရင်ကတည်းက ထိတွေ့အကျွမ်းတဝင်ရှိခဲ့ပါ တယ်၊ ကမ္ဘာမှာနံမည်ကြီးတဲ့ Brand တွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အတွက်အများကြီးဂုဏ်ယူမိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဆိုပါ Car showroom ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံက ဈေးကွက်ဖွင့်လိုက်တာရယ်၊ ကားတင်သွင်းခွင့်မူဝါဒတွေ ပြောင်းလဲပေးလိုက်တာတွေ ရယ်ကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို အာရုံစိုက်လာကြ တယ်၊ လှည်းတန်းလမ်းဆုံက CHEVROLET ကားအရောင်းပြခန်းကို ဒီနှစ် ဖေဖေါ်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ရာ မှာ ကားအစီးရေ ၁၄ဝ ကျော် ရောင်းချထားပြီးဖြစ်တဲ့အတွက်ဈေးကွက်အသစ်တစ်ခုအနေနဲ့ အားရစရာကောင်း ပါတယ်" ဟု CHEVROLET Dealership ဖြစ်သည့် 'Pacific Alpine' ၏ CEO ဦးဇော်မိုးခိုင် ကပြောသည်။
CHEVROLET သည် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံရှိ အထက်တန်းကျောင်း ၄၃၆ ကျောင်းကို ဘောလုံးအလုံးရေ နှစ်သောင်းကျော် လှူဒါန်းသွားမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ်များတွင် CHEVROLET အင်ဂျင်နှင့် စက်ကိရိယာများ လှူဒါန်းသွားမည်ဖြစ်သည်။ CHEVROLET သည် မန္တလေးမြို့တွင်လည်း Showroom တစ်ခု ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
Credit: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။