ပြည်တွင်းထုတ်ကားများကို Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် သတ်မှတ်သွားမည်

0

Full article

ပြည်တွင်းတွင် SKD နှင့် CKD စနစ်ထုတ်လုပ်နေသောကားများကို Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

ပြည်တွင်းထုတ်ကားများကိုသာ Emission Standard (Euro-3) အဆင့် သတ်မှတ်ရန် ဆွေးနွေးထားရှိရာ ပြည်ပတင်သွင်းနေသောကားများကို သတ်မှတ်ရန် မလုပ်ဆောင်ရသေးကြောင်း သိရသည်။

"ပြည်တွင်းမှာ ထုတ်တဲ့ကားတွေကို Euro 3 အထိ သတ်မှတ်ဖို့ ရှိတယ်။ ပြည်ပကတင်သွင်းနေတဲ့ ကားတွေကတော့ Emissions standard သတ်မှတ်ဖို့က မလွယ်သေးဘူးလေ။ ပြည်တွင်းကားထုတ်တာကို နောက်ပိုင်းမှာ စနစ်တကျနဲ့ ထုတ်လုပ်ဖို့ သတ်မှတ်မှာပါ။"လို့ စက်မIဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဆီယံနိုင်ငံများကျင့်သုံးတဲ့ standard များနှင့်အညီ ကားထုတ်လုပ်ခြင်းကို Emissions Euro-3 သတ်မှတ်သွားမှာဖြစ်ရာ လုပ်ငန်းသုံးကားကြီးများကို အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်သည့် Euro -2 အဆင့် သတ်မှတ်သွားနိုင်ရန် ဆွေးနွေးမှုများရှိနေကြောင်း သိရသည်။

Author