ကျောင်းစဖွင့်ချိန် လိုက်ထရပ်နဲ့ ပစ်ကပ်ကားများ ကျောင်းကားပြေးဆွဲရင် အရေးယူသွားရန်ရှိနေ

0

Full article

![](/redline/content/images/2017/05/gege-4-300x225.jpg)

ယခုနှစ် ကျောင်းစဖွင့်ချိန်တွင် လိုက်ထရပ်ကားများနဲ့ ပစ်ကပ်ကားများကို ကျောင်းကားပြေးဆွဲရင် အရေးယူသွားရန်ရှိကြောင်း ကျောင်းကားအစည်းအဝေးတက်ရောက်ခဲ့သူ များကနေသိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းကားပြေးဆွဲမှုတွင် ကုန်တင်ဝန်ပေါ့ ပစ်ကပ်ကားများနဲ့ လိုက်ထရပ် ကားများကို ပြေးဆွဲခွင့်မပေးတော့ဘဲ ကျောင်းကြိုပို့အဖြစ် ပြေးဆွဲမည်ဆိုပါက အရေးယူနိုင်တဲ့ ဥပဒေများကို တင်ပြနေတယ်လို့သိရပါတယ်။ ကျောင်းကြိုပို့တွေမှာ ဆွဲနေတဲ့ လိုက်ထရပ်နဲ့ ပစ်ကပ်ကားတွေကို ဆက်ပြီးအသုံးပြုပြေးဆွဲနေတယ်ဆိုရင် အရေးယူဖို့ လုပ်နေတယ်လို့လည်း သိရတယ်။ အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းဖို့တော့ လိုတယ်လေလို့ ကျောင်းကားနှင့် ပတ်သက်သည့် အစည်းအဝေးတက်ရောက်ခဲ့သူ တစ်ဦးကပြောပါတယ်။ ကျောင်းကားစနစ်ကို ကျောင်းပေါ်င်း ၂၂ ကျောင်းတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကိုးရီးယားနိုင်ငံမှ ကားအစီး ၂ဝဝ ဝယ်ယူ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author